လူမှုကွန်ရက်တွေက ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်လာပါပြီ။ Instagram ၊ Facebook ၊ Twitter ၊ Snapchat ၊ TikTok ၊ WeChat စသည်ဖြင့် တစ်နေ့တစ်နေ့ လက်မလည်အောင် သုံးနိုင်မယ့် Social Media တွေကလည်း အများသား။ လူမှုကွန်ရက်တွေနဲ့ ရှောင်မရတဲ့ ခေတ်မှာ Social Media ကြောင့် ကိုယ့်ချစ်သူနဲ့ အဆင်ပြေအောင် ဒီအမှားတွေ ကြိုပြီးရှောင်ကြဉ်ထားသင့်ပါတယ်။

(၁) ကောင်မလေးတွေပါတဲ့ ပုံတင်ခါနီး ခွင့်မတောင်းခြင်း

Photo: Repsly

Facebook ပေါ်မှာ ဓါတ်ပုံတင်တိုင်း ကိုယ့်ချစ်သူကို ခွင့်တောင်းစရာတော့ မလိုပါဘူး။ ဒါပေမဲ့လည်း ကိုယ်တင်မယ့်ပုံမှာ တခြားသူစိမ်းမိန်းကလေးတွေရဲ့ ပုံပါမယ်ဆိုရင်တော့ အကျိုးအကြောင်းကြိုပြောထားသင့်ပါတယ်။ အဖီးလ်ပို့စ်တွေ တင်မယ်ဆိုရင်တောင် ဆင်ဆာအရင်ဖြတ်ပြီးမှ တင်သင့်ပါတယ်။

(၂) စိတ်တိုနေတုန်း Social Media သုံးခြင်း

Photo: Unsplash

ဒေါသရှေ့ထားရင် အမှားများပါတယ်။ ကောင်မလေးနဲ့ အဆင်မပြေဖြစ်လို့ ပေါက်ကွဲနေတုန်း Facebook ပေါ် စိတ်ထဲက ရှိတဲ့အတိုင်း ရေးချလိုက်ရင် ပြတ်ဖို့ပဲ ရှိပါတယ်။ Social Media ဆိုတာ သင့်ပြဿနာတွေ ဖြေရှင်းပေးမယ့် တရားရုံးမဟုတ်ပါသလို တိုင်စာ/ပစ်စာ ပေးရတဲ့ အချစ်ရေး ဟစ်တိုင်ကြီးလည်း မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။

(၃) မစဉ်းမစားပို့စ်တွေ တင်ခြင်း

Photo: Medium

ရှေ့မကြည့်နောက်မကြည့်လုပ်တာ ဘယ်တော့မှ ကောင်းကျိုးမပေးပါဘူး။ Social Media ကို စိတ်ထွက်ပေါက်အနေနဲ့ လျှောက်ပြီး ပေါက်ကရတွေ တင်တာ ကိုယ့်ကိုယ်ကိုယ် သိက္ခာချနေတာပါပဲ။ ရည်းစားထားတယ်ဆိုတာ လူကြီးဖြစ်မှ လုပ်တဲ့အလုပ် ဖြစ်ပါတယ်။ လူကြီးဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ရင် ကလေးတွေလုပ်တဲ့ ပေါတောတောအလုပ်တွေ မလုပ်သင့်ဘူးဆိုတာ သတိချပ်သင့်ပါတယ်။

(၄) လူမှုကွန်ရက်စွဲလမ်းလွန်ခြင်း

Photo: Scoopnest

တချို့တွေက လူမှုကွန်ရက်ကို တကယ့်ဘဝတစ်ခုအဖြစ် စွဲလမ်းသွားတာ ရှိပါတယ်။ ကိုယ့်မှာ Follower ဘယ်လောက်ရှိသလဲ။ ကိုယ့်ပို့စ်ကို လူဘယ်နှစ်ယောက် Like , Love , Share သလဲဆိုတာကို သဲသဲလှုပ်သွားတတ်ပါတယ်။ ဒီထဲမှာ ကိုယ်ပါသလား ပြန်သုံးသပ်ပါ။ အကြောင်းက Social Media စွဲလမ်းသူတွေဟာ ပြင်ပဘဝမှာ အဆင်မပြေအံမဝင်တော့လို့ ဖြစ်ပါတယ်။