Tennis Skirt လေးတွေဝတ်ရင် အရမ်းချစ်ဖို့ကောင်းတာပါ။ Tennis Skirt က တစ်ထည်ရှိရုံနဲ့တင် ပုံစံအမျိုးမျိုး၊ ဖက်ရှင်အမျိုးမျိုး တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်တဲ့ ချစ်ဖို့ကောင်းသော Tennis Skirt ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Tennis Skirt ရှိပေမယ့် ဘယ်လိုတွေ တွဲဝတ်ရမလဲမသိရင် ဒီဖက်ရှင်လေးတွေကို Inspire ယူပြီး လိုက်ဝတ်လို့ရတာပေါ့။

Tennis Skirt လေးတွေကို အောက်ကနေ ကော်လံနဲ့ရှပ်အင်္ကျီနဲ့ဝတ် ပြီးရင် အပေါ်ကနေ Hoodie အပွထပ်ဝတ်လိုက်ရင် ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။ မိုးတွင်း၊ ဆောင်းတွင်းနဲ့လိုက်ဖက်တဲ့ ပုံစံလေးပါ။

Tennis Skirt လေးတွေကို ဒီလို Hoodie အပွလေးတွေနဲ့ တွဲဝတ်တာက ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Tennis Skirt တွေကို Hoodie တွေ၊ Tshirt တွေနဲ့ပဲ တွဲဝတ်ရတာရိုးလာရင် ဒါမျိုးလေးဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

Tennis Skirt ကို ကြိုးတစ်လုံးနဲ့တွဲဝတ်ပြီး အပေါ်ထပ် Cardigan လေးတွေ ထပ်ဝတ်တာလည်း ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်ပါပဲ။

ပေါ့ပေါ့ပါးပါးပုံစံလေး ကြိုက်ရင်တော့ Tennis Skirt ကို Tee အပွလေးတွေနဲ့သာ တွဲဝတ်ပါ။

အေးတဲ့နေရာဒေသမျိုးမှာဆိုရင် Tennis Skirt ကို လည်ထောင်လေးတွေနဲ့ တွဲဝတ်ပြီး အပေါ်ကနေ ဒီလိုကုတ်လေးတွေ ထပ်ဝတ်လို့ရပါတယ်။ ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။

Tennis Skirt ကို ဒီလိုလေးတွဲဝတ်တာဆိုရင် ကိုရီးယားဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလို Hoodie ကြီးတွေကို Tennis Skirt နဲ့တွဲဝတ်တာလည်း အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်ပါပဲ။

Tennis Skirt ကို ခုနကလို လည်ထောင်လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ထပ် Cardigan လှလှလေးတွေ ထပ်ဝတ်တာလည်း ချစ်ဖို့ကောင်းပါတယ်။ အေးတဲ့နေရာဒေသတွေမှာဆို ပိုပြီးရှိုးထုတ်လို့ ကောင်းပါတယ်။

မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းတာမျိုးလေးဆိုရင်တော့ Tennis Skirt ကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်ပါ။

Tennis Skirt ကို ဒီလို Crop Top လေးတွေနဲ့ တွဲဝတ်တာလည်း ပေါ့ပါးမှုရှိပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com