ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သူများနဲ့သိပ်မတူပဲ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်လေးတွေ ဖြစ်ပါတယ်။

အနီးကပ်လေးရိုက်ချင်ရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ သူများနဲ့မတူပဲ ပို့စ်လေးဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

လက်ပိုက်ပြီးထိုင်ပြီး ပို့စ်ပေးရင် မျက်နှာထားကို ဒီလိုလေးလုပ်ပြီး ပို့စ်ပေးကြည့်နော်။ ဆရာကြီးအထာလုပ်နေသလိုပုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးဆိုရင်လည်း ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

ကင်မရာကိုပဲကြည့်ရတာရိုးလာပြီဆိုရင် မျက်နှာထားလေးကို ဒီလိုမျိုးလေးလုပ်ပြီး ပို့စ်ပေးကြည့်နော်။ အရမ်းချစ်ဖို့ကောင်းတဲ့ပို့စ်လေးပါပဲ။

နေကာမျက်မှန်လေးနဲ့ အထာကျကျရိုက်မယ့်အစား တစ်ခါတစ်လေ ဒီလိုလေးလည်း ရိုက်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ခရီးသွားတဲ့အခါ လေဆိပ်မှာ သူများနဲ့မတူတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Freestyle ပုံလေး ရိုက်ချင်တယ်ဆိုရင်တော့ ဒီလိုလေးသာ ပို့စ်ပေးလိုက်ပါ။

ဒီလိုလေးထိုင်ရိုက်ပြီး ပို့စ်ပေးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သူများနဲ့မတူတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းအောင် ရိုက်ချင်ရင်တော့ မျက်လုံးလေးတစ်ဖက်မှိတ်ပြီး ပြုံးနေတဲ့ပုံလေး ရိုက်ကြည့်နော်။

နောက်ထပ် Freestyle ပုံစံလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်လေးပါ။

လက်လေးနောက်ပစ်ပြီး ဒါမျိုးလေးလည်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ မျက်နှာလေးကို ပြုံးရယ်ပြီးရိုက်ပါ။

ဒါလည်း Freestyle ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေမယ့် ပို့စ်လေးပါပဲ။

ဒီပို့စ်လေးကတော့ အပြောင်ပုံစံလေးလည်းဖြစ်သလို အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com