လူငယ်ဆန်တာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လူငယ်ဆန်တဲ့အရောင်လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဇိုင်းဆန်းတာလေးတွေလည်းဖြစ်လို့ သဘောကျမှာ သေချာပါတယ်။

အစိမ်းရောင်ကြိုက်တယ်၊ ဖားပုံလေးတွေချစ်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်လိုက်နော်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဆန်းပြီးတော့ အရမ်းချစ်ဖို့ကောင်းတာကြောင့် ပုံဖော်ကြည့်သင့်ပါတယ်။

မြင်နေကျပုံစံတွေနဲ့လုံးဝမတူပဲ အမြင်အသစ်၊ ဒီဇိုင်းအသစ်လေးပါ။ အရမ်းလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

မိုးပြာရောင်လေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ဒီဇိုင်းလေးက အရမ်းလှတဲ့အပြင် လိမ္မော်ရောင်ကလည်း တောက်ပေမယ့် အသားဆောင်တဲ့အရောင်လေးဖြစ်လို့ ထင်းပြီးလှနေတာပါပဲ။

ကာလာစုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ လက်သည်းဒီဇိုင်းလေးပါ။ နွေဦးရာသီ၊ နွေရာသီအတွက်ဆိုလည်း အရမ်းလိုက်ဖက်တယ်နော်။

ကာလာစုံမဆိုးချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရောင်လေးက အရမ်းလှပြီး ဒီဇိုင်းကတော့ ချစ်ဖို့ကောင်းနေတာပါ။

မျက်စိအေးစေမယ့် အရောင်လေးနဲ့ အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ဒီဇိုင်းလေးပါ။ အစိမ်းရောင်ကြိုက်တဲ့သူတွေဆို ပုံဖော်ကြည့်သင့်တယ်နော်။

 

ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးဆိုလည်း ကြည့်လိုက်တာနဲ့ထင်းပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ကမ်းခြေသွားရင် ဒီလိုလေးပုံဖော်ကြည့်နော်။

အရောင်နုနုလေးတွေကိုပဲ စပ်ပြီးပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်ဆန်တဲ့အရောင်လေးတွေချည်းပါပဲ။