မကြာခင်မှာ Christmas လည်းရောက်တော့မှာဆိုတော့ လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့ မိန်းကလေးတွေအတွက် အရမ်းချစ်စရာကောင်းပြီး သူများနဲ့မတူတဲ့ Christmas လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းပုံဒီဇိုင်းလေးတွေက မြင်တွေ့နေကျဒီဇိုင်းတွေနဲ့ ကွဲထွက်ပြီးကို ချစ်ဖို့ကောင်းနေတာမို့ ဆိုင်မှာသွားပြီးပုံဖော်တဲ့အခါ ဆိုင်ကလုပ်ပေးတဲ့ ဒီဇိုင်းမျိုးမဟုတ်ပဲ ဒီပုံလေးတွေကိုပြပြီး ပုံဖော်ကြည့်ပါ။ တချို့ဒီဇိုင်းပုံလေးတွေဆိုရင် အရမ်းလွယ်လို့ လက်ငြိမ်ရင် အိမ်မှာ ကိုယ်တိုင်ပုံဖော်လို့တောင် ရပါသေးတယ်။ Christmas က တစ်နှစ်မှာတစ်ခါပဲရှိတာမို့ ဒီအချိန်လေးပဲ ပုံဖော်ရတာပါ။ ဒါကြောင့် တခြားပုံတွေဖော်မယ့်အစား Christmas ဒီဇိုင်းလေးတွေကိုပဲ ပုံဖော်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။