လက်သည်းနီ အနီရောင်က မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်ပါပဲ။ လက်သည်းနီဆိုးဖို့ ဘာအရောင်ဆိုးရမလဲ စဉ်းစားရခက်နေရင် အနီရောင်သာဆိုးပါ။ ဒီတိုင်းမဆိုးပဲ ပုံဖော်ချင်တာဆိုရင်တော့ အရမ်းလှတဲ့ ဒီအနီရောင် လက်သည်းဒီဇိုင်းတွေကိုသာ ပုံဖော်ကြည့်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် မိန်းကလေးဆန်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

Accessories ကပ်ရတာကြိုက်ရင် ဒီလိုဒီဇိုင်းလေးတွေ လုပ်ကြည့်ပါ။ အနီရောင်ကိုမှ ကြက်သွေးရောင်ဘက်သွားတဲ့ အရောင်ရင့်တာလေးကို ရွေးဆိုးပါ။ ပိုပြီးလှပါတယ်။

အနီနဲ့အဖြူကို ဒီလိုလေးပုံဖော်တာလည်း အရမ်းလှပါတယ်။ လက်သည်းအရှည်ကြီးထားတတ်တဲ့ သူတွေနဲ့ဆိုရင် ပိုပြီးတောင်လှပါသေးတယ်။

အနီကိုမှ ဒီလိုအရောင်လေးတွေကို များများဆိုးပါ။ အရမ်းလှပါတယ်။ လက်လည်း သိသိသာသာဖြူသွားစေမယ့် အရောင်မျိုးပါ။ ဒီလက်သည်းဒီဇိုင်းဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းတာပါ။

အနီနဲ့ငွေရောင်ကို ဒီလိုလေးစပ်ဆိုးတာက အရမ်းလှပြီး ပွဲတက်အတွက်လည်း လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို အရောင်လေးကလည်း အရမ်းလှပါတယ်။

အနီရောင်ကိုမှ ဒီလိုအဝါလေးနဲ့ စပ်ဆိုးတာက အရမ်းလှပြီး အသားဆောင်ပါတယ်။ ဒီဇိုင်းရှင်းရှင်းလေးတွေကြိုက်ရင် ဒီလိုဒီဇိုင်းလေးတွေကိုသာ ရွေးချယ်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ဆန်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအရှည်နဲ့လည်း လိုက်ဖက်သလို လက်သည်းအတိုလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

အနီအများကြီးမထည့်ပဲ အဖြူများများထည့်ပြီး ဆိုးထားတာဖြစ်လို့ ပိုပြီးပေါ်လွင်စေတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တည်ငြိမ်တဲ့ပုံစံလေးနဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းမျိုးကတော့ ဘယ်တော့မှရိုးမသွားပါဘူး။ လက်ကိုပုံဖော်လည်းလှသလို ခြေသည်းကိုပုံဖော်လည်း အရမ်းလှပါတယ်။

Photo source:www.pinterest.com