ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် လှပကျော့ရှင်းနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံအမြဲရိုက်နေတဲ့သူတွေကျတော့ ပို့စ်တွေက ထပ်နေမှာပါ။ ဓာတ်ပုံရိုက်ဖို့ ဘယ်လိုပို့စ်ပေးရမလဲ စဉ်းစားနေစရာမလိုအောင် ဒီပို့စ်လေးတွေကိုသာ save ထားပြီး အသုံးချလိုက်ပါ။

သစ်ပင်လေးတွေဘေးမှာ ထိုင်ရိုက်မယ်ဆိုရင် အလယ်တည့်တည့်မှာ မထိုင်ပါနဲ့။ ဘေးဘက်လေးထိုင်ပြီး ဒီလို လေးပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။

ဘောင်းဘီရှည်အကျပ်လေးတွေဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ကျော့ရှင်းပြီး ချစ်ဖို့ကောင်းနေမှာပါ။

ဒီလိုလေးပို့စ်ပေးတာကတော့ လွယ်ပါတယ်။ ကျော့ရှင်းပြီးလှသလို ဖက်ရှင်လည်း ပေါ်လွင်နေစေပါတယ်။

ဒီပို့စ်ကတော့ model ဆန်တဲ့ပို့စ်မျိုးပါ။ အထာကျပြီး မိုက်သလို ကျော့ရှင်းပြီးလှနေမှာ သေချာပါတယ်။

သူများနဲ့မတူတဲ့ပုံစံလေး ထိုင်ရိုက်ချင်ရင် ဒီလိုလေးထိုင်ရိုက်ပါ။ မျက်နှာထားကို ချေမိုးနေတဲ့ပုံစံလေးထားရင် ပိုလှပါတယ်။

ဆိုဖာတွေမှာ ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ရိုက်ပါ။ ဆွဲဆောင်မှုရှိသလို ကျော့ရှင်းပြီး လှနေစေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။

မိန်းကလေးဆန်ပြီး ကြည့်လိုက်တာနဲ့ ကျော့ရှင်းပြီးလှနေမှာ သေချာပါတယ်။ Lighting လှရင် ပိုလှတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

ခြေထောက်ချိတ်ထိုင်ပြီး ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မိန်းကလေးဆန်ဆန်လေး ဝတ်ထားရင်တော့ ပိုလှပါတယ်။

ဒီပို့စ်လေးဆိုလည်း အရမ်းလွယ်ကူတဲ့ပို့စ်ပါ။ အရမ်းလည်းလှပါတယ်။ မျက်နှာထားနဲ့ ဖက်ရှင်နဲ့ ခြေထောက်အနေအထားက အသက်ပါပဲ။

Photo source: www.pinterest.com