မိတ်ကပ်ကို ကိုယ်တိုင်ပြင်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် သဘာဝဆန်ပြီး ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ wedding makeup look ပြင်နည်းအဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလည်းမခက်ပဲ လွယ်ကူတာကြောင့် ပြင်ရတာ အဆင်ပြေမှာပါ။ တကယ့်မင်္ဂလာပွဲကြီးအတွက် အဆင်မပြေရင်တောင်မှ စေ့စပ်ပွဲအတွက်ပဲဖြစ်ဖြစ်၊ မင်္ဂလာဆွမ်းကျွေးအတွက်ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေတဲ့ natural glow makeup look လေးဖြစ်ပါတယ်။

အရင်ဆုံး skincare step တွေလိမ်းပြီးရင် primer လိမ်းပေးပါ။

အောက်ခံမိတ်ကပ် foundation ကို brush နဲ့ လိမ်းပေးပါ။

အသားအရောင်မညီတဲ့နေရာ၊ ဝက်ခြံ၊ အမဲစက်နဲ့ မျက်ကွင်းညိုတာတွေကိုဖုံးဖို့အတွက် concealer သုံးပေးပါ။ concealer သုံးတဲ့အခါမှာလည်း brush နဲ့သုံးပေးရင် ပိုကောင်းပါတယ်။

ပေါင်ဒါသုံးတဲ့အခါမှာ အဖြူရောင်က ပိုအဆင်ပြေပါတယ်။ သုံးရင်လည်း brush နဲ့ပဲ သုံးပေးပါ။ အရင်ဆုံး မျက်လုံးအောက်နားကို သေချာဖိဖိပြီး သုံးပေးပါ။ ပြီးမှ powder brush နဲ့ မျက်နှာတစ်ပြင်လုံးကို သုံးပေးပါ။ ဒီလို brush နဲ့သုံးတာက မိတ်ကပ်ဖုန်ဖုန်ကြီးဖြစ်မနေပဲ သဘာဝဆန်ပြီး သိပ်သိပ်ညက်ညက်လေး ဖြစ်စေပါတယ်။

ပါးနီကိုတော့ ပန်းရောင်ဘက်သွားတဲ့အရောင်လေး သုံးပါမယ်။ ဒီမှာတော့ လက်ချောင်းလေးနဲ့ပဲ သေချာလိမ်းထားပါတယ်။

အရေးကြီးတဲ့ မျက်ခုံးမွှေးကိုဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် brush နဲ့ ပြန်ဖြီးပေးဖို့ မမေ့ပါနဲ့။

Eyeshadow မခြယ်ခင်မှာ eyeshadow တွေ ပြန့်သွားတာမျိုး၊ ခဏလေးနဲ့ ပျက်သွားတာမျိုး မဖြစ်အောင် eye primer ခံသုံးပေးပါ။

Eyeshadow စခြယ်ဖို့အတွက် ပန်းမိတ်ကပ်ရောင်ဘက်သွားတဲ့ eyeshadow အရောင်ကို မျက်ခွံဘေးနားတွေမှာ ခြယ်ပေးပါ။

အညိုရောင် eyeshadow ကို မျက်ခွံတစ်ဝက်စာလောက် ခြယ်ပေးပါ။

ရွှေရောင် eyeshadow ကို မျက်ခွံပေါ်မှာ ထပ်ခြယ်ပေးပါ။ အဖြူရောင်ဘက်သွားတဲ့ glitter eyeshadow ကို မျက်ခွံအလယ်မှာ ခြယ်ပေးပါ။

မျက်လုံးအောက်နားကိုပါ ရွှေရောင် eyeshadow လေး နည်းနည်းခြယ်ပေးပါ။ အဖြူရောင် cream glitter ကို မျက်ခွံပေါ်မှာ နည်းနည်းစီ ထပ်ခြယ်ပေးပါ။

Makeup spray နဲ့ မျက်နှာကို ဖြန်းပေးပါ။ gel eyeliner နဲ့ eyeliner ဆွဲပါမယ်။ မျက်လုံးအရှေ့ဘက်ကို ပါးပါးပဲဆွဲပြီး ထောင့်နားလေးကို နည်းနည်းထူအောင်ဆွဲပေးပါ။

ပါးရိုးနေရာလေးတွေကို liquid highlighter သုံးပေးပါ။ ဒါက natural glow look ကို ရမှာပါ။

နှုတ်ခမ်းနီကိုတော့ အညိုနဲ့ peach ကာလာရောထားတဲ့ အရောင်မျိုးလေးဆို ပိုလှပါတယ်။ နောက်ဆုံးမှာ lip gloss လေး ထပ်ဆိုးပေးပါ။

ဒါဆိုရင်တော့ သဘာဝဆန်ပြီး ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ wedding makeup look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.raizacontawi.com