လက်သည်းအမြဲပုံဖော်လေ့ရှိတဲ့သူဆိုရင် ဘယ်လိုပုံဖော်ရမလဲဆိုတာကို စဉ်းစားရခက်မှာပါပဲ။ ဒီတော့ ထွေထွေထူးထူး စဉ်းစားနေစရာမလိုအောင် တစ်ခါတစ်လေမှာ လက်သည်းပုံဖော်မယ့် သူတွေအတွက်လည်း အလှဆုံးဒီဇိုင်းလေးတွေ ပုံဖော်လို့ရအောင် မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ ဆန်းပြီး အရမ်းလှပါတယ်။ အရောင်လေးတွေကအစ မိန်းကလေးဆန်တဲ့ အရောင်လေးပါ။

အသားဆောင်တဲ့အပြင် လက်လေးလည်း ထင်းပြီးပေါ်လွင်နေမယ့် အရောင်လေးပါ။ ဒီဇိုင်းကလည်း ဆန်းပြီးအရမ်းလှပါတယ်။

အသည်းပုံလေးတွေ ပုံဖော်ရတာကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို သဘောကျမယ်လို့ ထင်ပါတယ်။

အရောင်နဲ့ဒီဇိုင်းလေးက အသားဆောင်ပြီး အရမ်းလှပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းဖြစ်ပြီး လက်သည်းအတိုအရှည် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးကတော့ ဘယ်တော့မှ ရိုးမသွားပဲ အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်တာပါပဲ။

ရှင်းရှင်းလေးပဲ ပုံဖော်ရတာ ကြိုက်တယ်၊ ပုံစံလေးလည်း ဆန်းတာမျိုး လိုချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အရောင်ကအသက်ပါပဲ။

အစိမ်းရောင်ကြိုက်သူများအတွက် အသားဆောင်တဲ့ အရောင်နဲ့ အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။

အရောင်ရင့်တာလေးတွေ ကြိုက်သူများအတွက် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ပွဲတက်အတွက်ပါ အဆင်ပြေတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

ခရမ်းရောင်ကြိုက်သူများအတွက် အသားဆောင်ပြီး ဒီဇိုင်းလည်းဆန်း၊ အရမ်းလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

Photo source:www.pinterest.com