လက်သည်းကို လှလှလေးပုံဖော်ချင်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ အရမ်းလှပြီး ပွဲတက်အတွက်ပါ အဆင်ပြေတဲ့ လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေက လက်သည်းအချွန်ထားပြီး ပုံဖော်မယ်ဆိုရင် ပိုပြီးလိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်ကတော့ ဘယ်တော့မှရိုးမသွားပဲ လှနေတာပါ။ ဒါ့အပြင် လူကြီးလူငယ်၊ အသားဖြူဖြူ ညိုညို အားလုံးနဲ့ လိုက်ဖက်ပါတယ်။

တွဲစပ်ထားတဲ့အရောင်ကလည်း အသားဆောင်ပြီး အရမ်းလှတဲ့အပြင် ဒီဇိုင်းကလည်း ဆန်းပြီးလှတာကြောင့် ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

အရောင်ငြိမ်တဲ့အပြင် ဒီဇိုင်းကလည်း Luxury ဆန်ပြီး အရမ်းလှပါတယ်။

ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမယ့် လက်သည်းဒီဇိုင်းလေးဖြစ်ပြီး မိုက်လည်းမိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းကတော့ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။ ဒီဇိုင်းဆန်းပြီး မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။

အဖြူရောင်လေးမှာ ပုံဖော်ထားတဲ့ဒီဇိုင်းလေးက အရမ်းလှပြီး Luxury ဆန်တာကြောင့် ပွဲတက်အတွက် အရမ်းအဆင်ပြေပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ပွဲတက်အတွက် ပိုလိုက်ဖက်ပြီး အရမ်းလှပါတယ်။ သူများနဲ့မတူပဲ လှနေမယ့် ဒီဇိုင်းလေးပါ။

မိန်းကလေးဆန်တဲ့အရောင်လေးနဲ့ လှပနေတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်လေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။

အရောင်စပ်ထားတာ ဆန်းပြီး ဒီဇိုင်းကလည်း အရမ်းလှပါတယ်။ အရောင်စပ်ထားတဲ့ပုံစံကြောင့် လူငယ်ဆန်ပြီး ကြည့်လိုက်တာနဲ့ ထင်းနေမှာပါ။

ငွေရောင်လေးဆိုးပြီး ပုံဖော်ထားတာဖြစ်လို့ သန့်ပြန့်ပြီး လှနေတာပါပဲ။ ပွဲတက်အတွက်လည်း အရမ်းလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

Photo source:www.pinterest.com