လက်သည်းနီဆိုးရတာကိုကြိုက်တဲ့ မိန်းကလေးတွေအတွက် အသားဆောင်ပြီးအရမ်းလှတဲ့ လက်သည်းနီအရောင်နဲ့ ဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပုံဖော်စရာမလိုတာကြောင့် ဆိုင်မသွားပဲ အိမ်မှာကိုယ်တိုင်ဆိုးလို့တောင် ရပါသေးတယ်။

လက်သည်းနီအပြာရောင်တွေထဲမှာမှ ဒီမိုးပြာရောင်လေးက အရမ်းလှပြီး အသားဆောင်ပါတယ်။ ဘယ်အချိန်ဆိုးဆိုးလည်း ရိုးမသွားပဲလှတာပါ။

ဒီတိုင်းမဆိုးချင်ရင်လည်း တစ်ချောင်းကို Metallic nail လေးဆိုးလိုက်ပါ။ ဒီဇိုင်းတစ်မျိုးပြောင်းသွားပြီး လှနေစေပါတယ်။

ဒီလက်သည်းနီအရောင်လေးဆိုရင် Nude color လေးဖြစ်လို့ ဘယ်အချိန်ဆိုးဆိုး ရိုးမသွားပဲ အရမ်းလှပါတယ်။ အသားလည်းဆောင်ပါတယ်။ သူ့ကိုလည်း ဒီတိုင်းမဆိုးချင်ရင် လက်တစ်ချောင်းကို အဖြူရောင်ပုလဲပါတာလေး ဆိုးလိုက်ပါ။

ဇီးရောင်လက်သည်းနီတွေက အရမ်းလှပြီး အသားဆောင်ရုံတင်မဟုတ်ပဲ အသားပါပိုဖြူသွားစေပါတယ်။ လက်ဆယ်ချောင်းလုံးကိုဆိုးလည်းလှသလို ပုံမှာပြထားသလို တစ်ချောင်းကို တခြားအရောင်ဖောက်ဆိုးမယ်ဆိုလည်း လှပါတယ်။

ဒီမှာဆိုးပြထားတဲ့ လက်သည်းနီအရောင်လေးတွေဆိုရင် အကုန်အသားဆောင်ပြီး အရမ်းလှတဲ့ အရောင်တွေချည်းပါပဲ။ တစ်ချောင်းတစ်ရောင်ဆိုးထားပေမယ့် ကြောင်မနေပဲ အရမ်းလှတဲ့ဒီဇိုင်းလေး ဖြစ်သွားစေပါတယ်။

အဝါရောင်လက်သည်းနီတွေထဲမှာမှ ဒီလိုအဝါလေးက အရမ်းလှပြီး အသားဆောင်ပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် လှနေတဲ့အရောင်လေးပါ။

အသားဖြူတဲ့သူတွေဆိုရင်တော့ ဒီလိုအဝါလေးနဲ့လည်း အရမ်းလိုက်ပါတယ်။ အသားဖြူတဲ့သူတွေအတွက်ကျတော့ ဒီအရောင်လေးက လက်ပိုပေါ်စေပါတယ်။

လက်သည်းနီခရမ်းရောင်တွေထဲမှာမှ ဒီလိုခရမ်းနုနုလေးက အရမ်းလှပါတယ်။ အသားဆောင်ပြီး ဘယ်အချိန်ကြည့်ကြည့်လှနေတဲ့ အရောင်လေးပါ။

အသားဆောင်ပြီး လက်ပိုဖြူသွားစေတဲ့၊ ဘယ်တော့မှလည်း ရိုးမသွားပဲလှနေတဲ့ လက်သည်းနီအရောင်ဆိုရင်တော့ လူတိုင်းကြိုက်တဲ့ ဒီအရောင်လေးပါပဲ။

ဒီလက်သည်းနီအရောင်လေးက အနက်ရောင်မဟုတ်ဘူးနော်။ ခဲကိုမှအမှောင်လေး အရမ်းလှပြီး အသားတော်တော်ဆောင်ပါတယ်။ ရှားပါးအရောင်လေးလည်း ဖြစ်ပါတယ်။

photo source:www.pinterest.com