မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး အရမ်းလှတဲ့ makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပြင်ရတာလည်း လွယ်ကူသလို နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေတယ်၊ ထသွားထလာအတွက်လည်း ပြင်လို့အဆင်ပြေသလို၊ ပွဲတွေသွားမယ်ဆိုလည်း ဒီ makeup look လေးက heavy ဖြစ်နေတာမျိုးမဟုတ်ပဲ အဆင်ပြေပါတယ်။

အရင်ဆုံး မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းဆွဲပြီး မျက်ကွင်းညိုတဲ့သူဆိုရင် မျက်ကွင်းညိုတဲ့နေရာကို concealer လိမ်းပေးပါ။

အောက်ခံမိတ်ကပ် foundation လိမ်းတဲ့အခါမှာ makeup sponge နဲ့ သေချာလိမ်းပေးပါ။ ဒါမှ မိတ်ကပ်သားညီပြီး သိပ်သိပ်လေးနဲ့ လှနေမှာပါ။

ပါးနီကို ပန်းရောင်ဘက်သွားတာလေး ခြယ်ပါမယ်။ ဒီမှာတော့ cream type ပါးနီလေးကို သုံးထားပါတယ်။

မိတ်ကပ်မရွေ့ပဲ ကြာရှည်ခံအောင်၊ သိပ်သိပ်လေးဖြစ်အောင် powder လိမ်းပါမယ်။ လိမ်းတဲ့အခါမှာ puff နဲ့ မျက်လုံးအောက်နားကိုလိမ်းပြီး ကျန်းတဲ့နေရာတွေကိုတော့ brush လေးနဲ့ပဲ လိမ်းပါမယ်။ ဒါမှ ထူထူဖုန်ဖုန်ကြီး ဖြစ်မနေမှာပါ။

Peach ကာလာဘက်သွားတဲ့ eyeshadow ကို မျက်ခွံပေါ်မှာခြယ်ပေးပါ။

အညိုဘက်သွားတဲ့ eyeshadow ကို မျက်ခွံထောင့်လေးမှာ ခြယ်ပေးပါ။ ပုံမှာပြထားတဲ့အတိုင်း မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပေးပါ။

ပန်းရောင်ဘက်သွားတဲ့ glitter eyeshadow ကို လက်ညှိုးနဲ့ယူပြီး မျက်ခွံမှာ ခြယ်ပေးပါ။

အဖြူရောင် glitter eyeshadow ကို လက်ညှိုးနဲ့ယူပြီး မျက်လုံးအရှေ့ထောင့်လေးမှာ တို့ပေးပါ။

Eyeliner ကို ပါးပါးလေးဆွဲပြီး ဘေးထောင့်မှာ winged လေးထွက်အောင် ဆွဲပေးပါ။ ပြီးရင်တော့ mascara နဲ့ မျက်တောင်ကော့ပါမယ်။

ပါးနီကို အုတ်ကျိုးရောင်(သို့) ပန်းရောင်ဘက်သွားတဲ့  အရောင်လေးရှိရင် ထပ်ခြယ်ပေးပါ။

နှာတံဖော်ပြီးရင် နှာတံနေရာနဲ့ ပါးရိုးနေရာကို highlighter ခြယ်ပေးပါ။

နှုတ်ခမ်းနီကို အညိုရောင်ဖျော့တာလေး အရင်ဆိုးပြီးမှ ပန်းရောင်လေး ထပ်ဆိုးပါမယ်။

ဒါဆိုရင်တော့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီးအရမ်းလှတဲ့ makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.deviennamakeup