ရုံးသွား၊ အပြင်သွားအတွက်လည်း အဆင်ပြေပြီး ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲလှနေစေမယ့် latte makeup look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး foundation လိမ်းပါမယ်။ အရေးကြီးတာက foundation လိမ်းရင်ပဲဖြစ်ဖြစ်၊ cushion လိမ်းရင်ပဲဖြစ်ဖြစ် မကွက်အောင် မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးဖြစ်အောင် သေချာလိမ်းပေးပါ။

Brush နဲ့ powder လိမ်းပါမယ်။

Contouring လုပ်မှာဖြစ်တဲ့အတွက် contour brush ကိုပဲ သုံးပေးပါ။ ပုံမှာလုပ်ပြထားတဲ့နေရာတွေကို contouring လုပ်ပါမယ်။

Bronzer powder ကိုသုံးပြီး မေးရိုးနဲ့ ပါးရိုး နည်းနည်းချပါမယ်။

ခုနကသုံးတဲ့ bronzer powder နဲ့ပဲ နှာတံဖော်ပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် brow gel နဲ့ ဖြီးပေးဖို့လည်း မမေ့ပါနဲ့။

အညိုရောင် eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။

အရောင်မှိုင်းပြီးရင့်တဲ့ ခဲနက်လို အရောင်မျိုးကို မျက်ရစ်နားမှာ ခြယ်ပါမယ်။

Eyeliner ကို အညိုရောင်သုံးပြီး ဆွဲပါမယ်။

မျက်လုံးအောက်နားကိုပါ shade လေးဆွဲပေးပါ။

အသားရောင် eyeshadow ကို မျက်လုံးအောက်နားမှာ ခြယ်ပါမယ်။

ရွှေရောင် (သို့) အရောင်ဖျော့တဲ့ glitter liquid eyeshadow ကို မျက်လုံးအောက်မှာ ထပ်ခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

ဒီမှာတော့ ပါးနီကို လိမ္မော်ညိုရောင်နဲ့ peach အရောင်လေး နှစ်မျိုးကို ရောပြီးခြယ်ထားပါတယ်။

ရွှေရောင်အဖျော့ (သို့) highlighter ကို နှာတံ၊ မျက်လုံးထောင့်စွန်းအရှေ့လေးတွေမှာ ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း အရောင်အရမ်းမရင့်တဲ့ အညိုရောင် (သို့) လိမ္မော်ညိုရောင်လေး ဆိုးပါမယ်။ ပြီးရင် အပေါ်ကနေ lip gloss လေး ထပ်ဆိုးလိုက်ပါ။

နောက်ဆုံးမှာတော့ setting spray ဖြန်းပါမယ်။

ဒါဆိုရင်တော့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲလှတဲ့ Latte Makeup Look လေးကို ရရှိသွားပါပြီ။