ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့သူတွေထဲမှာမှ မိန်းကလေးဆန်တာမျိုးလေးတွေကို ပိုကြိုက်တဲ့သူတွေအတွက် မိန်းကလေးဆန်ပြီး နူးညံ့တဲ့ပုံစံလေးနဲ့ လှနေစေမယ့် pose ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

မေးထောက်ပြီး အဝေးကိုငေးနေတဲ့ပုံလေးတွေက မိန်းကလေးဆန်တဲ့ pose လေးတွေပါပဲ။ အရမ်းလည်းလှပါတယ်။ ဒီ pose လေးတွေက ဂါဝန်လေးတွေဝတ်ထားရင် ပိုပြီးလိုက်ဖက်ပါတယ်။

မေးထောက်ပြီး ခေါင်းလေးနည်းနည်းစောင်းပြီး မျက်စိမှိတ်ထားပြီး pose ပေးကြည့်ပါ။ အရမ်းလှပါတယ်။ ကော်ဖီဆိုင်လေးတွေမှာရိုက်ရင် ပိုလှမှာပါ။

ဒီလိုဆံပင်တစ်ဖက်သပ်ချထားတဲ့ပုံစံလေး pose ပေးရိုက်တာက ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ ဂါဝန်လေးတွေနဲ့ပိုပြီးလိုက်မယ့် pose မျိုးဖြစ်ပါတယ်။

ဒီလို pose မျိုးဆိုလည်း အရမ်းလှပါတယ်။ အလင်းရောင်ကောင်းတဲ့နေရာလေးမှာသာ ရိုက်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ဂါဝန်လေးဝတ်ပြီး ဆံပင်ကိုအနောက်မှာချထားပြီး ဒီလိုလေးမျက်လွှာချကာ pose ပေးရိုက်ကြည့်ပါ။ နူးညံ့တဲ့ပုံစံလေးနဲ့ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ကြိုးတစ်လုံးဂါဝန်လေးတွေဝတ်ရိုက်မယ်ဆိုရင် အပေါ်ထပ်လေးထပ်ဝတ်ပြီး ဒီလို pose မျိုးလုပ်ကြည့်ပါ။ အရမ်းလှပါတယ်။

လက်အနေအထားကို ဒီလိုလေးထားပြီး pose ပေးတာမျိုးက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာကြောင့် တစ်ခါလောက်တော့ ရိုက်ကြည့်ပါ။ လှပါတယ်။

အစားအသောက်စားနေချိန်မှာ မိန်းကလေးဆန်တဲ့ cute type လေးရိုက်ချင်ရင် ခက်ရင်း (သို့) ဇွန်းကိုကိုင်ပြီး ဒီလိုလေးသာ pose ပေးကြည့်ပါ။

ဆံပင်ကိုင်ပြီး အဝေးကိုကြည့်နေတဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။ Portrait ရိုက်ရင် ပိုလှမှာပါ။