Foot chain လေးတွေဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် အရမ်းလှတဲ့ foot chain ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်စိတ်ကြိုက်ဒီဇိုင်း အပ်ချင်တဲ့အခါမှာဆိုရင် ဒီလိုဒီဇိုင်းလေးတွေကိုပြပြီး အပ်လို့ရတော့ ထွေထွေထူးထူးစဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

ဒီ foot chain ဒီဇိုင်းလေးဆိုရင် ရိုးရှင်းပြီး အရမ်းလှပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ လှနေမှာပါ။ သေးသေးမျှင်မျှင်လေးတွေ၊ ရိုးရှင်းပြီး ဒီဇိုင်းနည်းနည်းဆန်းတာမျိုးလေးတွေ ကြိုက်ရင်တော့ ဒါလေးကိုသာ ရွေးချယ်ပါ။

တွဲလောင်းကျနေတာမျိုးလေးတွေ ကြိုက်တယ်၊ အရမ်းကြီးဆန်းတာမျိုးလည်း မကြိုက်ဘူးဆိုရင်တော့ ဒီ foot chain ဒီဇိုင်းလေးက အရမ်းလှပါတယ်။ မိန်းကလေးဆန်ပြီးလှတဲ့ ပုံစံလေးပါ။

ကြိုးကို ဒီဇိုင်းဆန်းတာမျိုးလေး ရွေးချယ်ချင်ရင်တော့ ဒီ foot chain ဒီဇိုင်းလေးက အရမ်းလှပါတယ်။ Smile ပုံလေးက အသက်ပါပဲ။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်မှာပါ။

ဒီ foot chain ဒီဇိုင်းလေးဆိုရင် ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။ ဒီဇိုင်းကလည်းဆန်းတာကြောင့် ရွေးချယ်သင့်တဲ့ဒီဇိုင်းမျိုးလေးပါ။

နှစ်ထပ်ကြိုးဒီဇိုင်းလေးတွေကြိုက်ရင်တော့ ဒီ foot chain ဒီဇိုင်းလေးက အရမ်းလှပါတယ်။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးလေးပါ။ ကိုယ့်ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့ ဒီဇိုင်းမျိုးလည်း ဖြစ်ပါတယ်။

ဒီ foot chain ဒီဇိုင်းလေးဆိုရင် ကြိုးချည်ထားတဲ့ပုံစံလေးနဲ့ မြင်နေကျပုံစံတွေထဲကနေ ကွဲထွက်ပြီး ဒီဇိုင်းဆန်းပါတယ်။ အရမ်းလည်းလှတဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး ကြည့်လိုက်တာနဲ့ ထင်းနေစေပါတယ်။

ဒီ foot chain ဒီဇိုင်းလေးက ရွှေနဲ့လုပ်ရင် အရမ်းချစ်ဖို့ကောင်းမှာပါ။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်တဲ့ ဒီဇိုင်းမျိုးပါ။

ဒီ foot chain ဒီဇိုင်းလေးဆိုလည်း ရိုးရှင်းပြီး ကြိုးမျှင်မျှင်လေးနဲ့ အရမ်းလှပါတယ်။ ခြေတံသွယ်သွယ်လေးတွေနဲ့ဆို အရမ်းလိုက်မှာပါ။

photo source:www.pinterest.com