လက်သည်းအချွန်ထားတဲ့ သူတွေအတွက် လက်သည်းအချွန်လေးတွေနဲ့ လိုက်ဖက်ပြီး အရမ်းလည်းလှတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးဆန်တဲ့ ဒီဇိုင်းလေးတွေကို ကြိုက်ရင်တော့ ပန်းပွင့်ဒီဇိုင်းလေးတွေက အလှဆုံးပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်လေးတွေက ဖက်ရှင်ဖြစ်ပြီး အရမ်းလှပါတယ်။ ထင်းပြီးပေါ်လွင်စေမယ့် ဒီဇိုင်းမျိုးပါ။

လိမ္မော်လေးတွေက ထင်းပြီးပေါ်လွင်စေပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ထင်းပြီးလှနေတဲ့ ဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ရှင်းပြီး အရမ်းလှပါတယ်။ အရောင်ကအစ ငြိမ်ပြီးလှတာကြောင့် ရိုးရှင်းတာလေးတွေကြိုက်ရင် ဒါမျိုးလေးရွေးချယ်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

ပန်းရောင်လေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ပန်းပွင့်ကို တစ်ချောင်းထဲပုံဖော်ထားလို့ ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီပန်းပွင့်ဒီဇိုင်းလေးကျတော့ ရိုးရိုးလေးနဲ့လှတဲ့ ဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဒီပန်ပွင့်လက်သည်းဒီဇိုင်းလေးဆိုရင် အရောင်နဲ့ ဒီဇိုင်းက အရမ်းလှပြီး လူတိုင်းနဲ့လိုက်ဖက်ပါတယ်။ ဒီဇိုင်းကလည်းမရိုးပဲနဲ့ကို လှနေတာပါ။

ရှင်းရှင်းလေးနဲ့ ပန်းဒီဇိုင်းက ဆန်းတာကြောင့် အရမ်းလှပါတယ်။ အဖြူလေးဆိုးမယ်၊ သူများနဲ့မတူပဲ ဒီဇိုင်းလေး လုပ်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အကြည်ပေါ်မှာမှ ပန်းပွင့်ကို လက်သည်းထိပ်နားမှာ ပုံဖော်ထားတာ ထင်းပြီး အရမ်းလှပါတယ်။ လက်သည်းအချွန်လေးတွေနဲ့ဆို အရမ်းလိုက်တဲ့ ဒီဇိုင်းလေးပါ။

ပန်းပွင့်ပုံဖော်မယ်ဆိုရင် အနီရောင်ကလည်း ထင်းပြီး အရမ်းလှပါတယ်။ အနီနဲ့အဖြူကိုစပ်ပြီး ပုံဖော်တာကတော့ အလိုက်ဖက်ဆုံးပါပဲ။

Photo source:www.pinterest.com