အရမ်းလှတဲ့ Cool Tone Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ Makeup Look လေးက ဘယ်လိုရာသီဥတု၊ ဘယ်လိုအချိန်မျိုးနဲ့မဆို လိုက်ဖက်တဲ့ Look လေးဖြစ်ပြီး ရုပ်လည်းပိုနုသွားစေမယ့် Look လေးပါ။
အရင်ဆုံး Foundation (သို့) Cushion ကို လိမ်းပေးပါ။ မျက်ကွင်းညိုရင် Concealer သပ်သပ်ထပ်သုံးပေးပါ။ မျက်ကွင်းမညိုတဲ့သူကတော့ မျက်လုံးအောက်နားကိုလည်း တစ်ခါထဲ Foundation (သို့) Cushion ကိုပဲ လိမ်းလိုက်လို့ရပါတယ်။
နောက်တစ်ဆင့်ကတော့ မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် Brush နဲ့ ပြန်ဖြီးပေးဖို့လည်း မမေ့ပါနဲ့။
ဒီ Makeup Look အတွက် အသက်ကတော့ ပါးနီခြယ်တာပါပဲ။ ပါးနီကို ပန်းခရမ်းရောင်လေးရွေးပြီး မျက်လုံးအောက်နား တည့်တည့်ကနေ စပြီးခြယ်ပေးပါ။
ပါးနီခြယ်ပြီးတော့မှ ပေါင်ဒါကို နည်းနည်းလေးခြယ်ပါမယ်။
Palette အညိုရောင်လေးနဲ့ နှာတံဖော်ပါမယ်။
Palette အသားရောင်နဲ့ မေးရိုးချပေးပါ။
အသားရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပြီး မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပေးပါ။
Gel Eyeliner နဲ့ မျက်လုံးအတွင်းနားလေးကိုကပ်ပြီး တစ်ကြောင်တည်း ပါးပါးလေးဆွဲပေးပါ။
Dark Brown အရောင်လေးကိုတော့ မျက်ရစ်နေတာလေးမှာ ခြယ်ပေးပါ။
Gel Eyeliner အညိုနဲ့ မျက်လုံးအောက်နား ထိပ်ပိုင်းလေးကို နည်းနည်းဆွဲပေးပါ။
Liquid Eyeliner အညိုရောင်လေးကိုသုံးပြီး မျက်လုံးအောက်နား အနောက်ဘက်အစွန်းလေးကို ပုံမှာပြထားသလိုလေး ဆွဲပေးပါ။
Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပါမယ်။
မျက်လုံးအောက်နားကို ရွှေရောင် Glitter လေးခြယ်ပေးပါ။ ဒါမှ မျက်လုံးလေးပိုလင်းသွားမှာပါ။
နှုတ်ခမ်းနီကိုတော့ လိမ္မော်ဖောက်တဲ့အရောင်လေး ဆိုးထားပါတယ်။
ဒါဆိုရင်တော့ အရမ်းလှတဲ့ Cool Tone Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။