မိတ်ကပ်ပြင်ရတာကို သဘောကျတဲ့ ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီးအရမ်းလှတဲ့ Colorful Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ မျက်လုံးကိုအဓိကပြင်တာဖြစ်လို့ လိုက်ပြင်ရတာလည်း လွယ်ကူမှာပါ။

Foundation လိမ်းပြီးတာတော့ ကိုယ်လိမ်းနေကျအတိုင်းပဲ လိမ်းပေးပါ။ မျက်ခုံးမွှေးကို Natural ဆန်ဆန်လေး ဆွဲပေးပါ။

မျက်လုံးကိုစခြယ်ဖို့အတွက် cream orange color eyeshadow ကိုယူပြီး မျက်ခွံမှာခြယ်ပေးပါ။

နောက်ထပ် orange color တောက်တာလေးကို မျက်ခွံပေါ်မှာ ထပ်ခြယ်ပါမယ်။ အနောက်ဘက်ထိရောက်အောင် မခြယ်ပါဘူး။

ချန်ထားတဲ့ မျက်ခွံအနောက်ဘက်နားလေးကို brown color eyeshadow ခြယ်ပါမယ်။ ပြီးရင်တော့ brush နဲ့ မျက်ခွံတစ်ခုလုံးကို blend လုပ်ပေးပါ။

ရွှေရောင် glitter eyeshadow ကို လက်ညှိုးလေးနဲ့ယူပြီး မျက်ခွံပေါ်ခြယ်ပေးပါ။ အရှေ့ပိုင်းလေးကိုပဲ ပုံမှာပြထားတဲ့အတိုင်း ခြယ်ပေးပါ။

ပုံမှာပြထားတဲ့ အရောင်ပိုရင့်တဲ့ glitter eyeshadow ကို လက်ညှိုးနဲ့ယူပြီး မျက်ခွံအနောက်ဘက် အစွန်းလေးတွေမှာ ခြယ်ပေးပါ။

မျက်လုံးအောက်ဘက် ထောင့်စွန်းကစပြီး အလယ်လောက်ထိကို brown color eyeshadow ခြယ်ပေးပါ။

ပြီးရင်တော့ ခုနကခြယ်တဲ့ အရောင်ပိုရင့်တဲ့ glitter eyeshadow ကို ထပ်ခြယ်ပေးပါ။

မျက်လုံးအောက် အရှေ့ဘက်နားလေးကိုတော့ ငွေရောင် glitter eyeshadow ခြယ်ပေးပါ။ ပြီးရင်တော့ လက်ညှိုးလေးနဲ့ယူပြီး မျက်လုံးအရှေ့ထောင့်စွန်းလေးမှာ ခြယ်ပေးပါ။

မျက်လုံးခြယ်တာပြီးသွားပြီဖြစ်တဲ့အတွက် ပါးနီကို အုတ်ကျိုးရောင်ဘက်သွားတဲ့ အရောင် (သို့) အညိုနဲ့လိမ္မော်ကို ရောပြီး ခြယ်ပေးပါ။

မျက်လုံးခြယ်တဲ့ ငွေရောင် glitter eyeshadow (သို့) ငွေရောင် highlighter ကို ပါးရိုးနေရာလေးမှာ ထပ်ခြယ်ပေးပါ။ ဒါဆိုရင်တော့ အရမ်းကို glow ပြီး ပိုလှသွားမှာပါ။ နှာတံ၊ မေးစိနဲ့ နဖူးကိုလည်း လိုက်ခြယ်ပေးဖို့ မမေ့ပါနဲ့။

အားလုံးပြီးရင်တော့ အညိုဘက်သွားတဲ့ နှုတ်ခမ်းနီလေးဆိုးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ လူငယ်ဆန်ပြီးအရမ်းလှတဲ့ Colorful Makeup Look လေးကို ရသွားပြီပဲဖြစ်ပါတယ်။