ဒီတစ်ခါမှာတော့ ဘယ်လိုအဝတ်အစား၊ ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်ပြီးတော့ အရမ်းလည်းလှပြီး ချစ်ဖို့ကောင်းတဲ့ Korea Peach Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Skincare လိမ်းပြီး Primer လိမ်းပါမယ်။ ပြီးရင်တော့ ကိုယ်လိမ်းနေကျ Foundation (သို့) Cushion ကို လိမ်းပါမယ်။

Concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာတွေကို လိမ်းပါမယ်။

Powder Pact ကို Brush နဲ့ယူပြီး လိမ်းပါမယ်။ ဒါဆိုရင် ထူထူကြီးမဖြစ်တော့ပါဘူး။

Palette အညိုရောင်နဲ့ နှာတံဖော်ပါမယ်။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းလေးပဲ ဆွဲပေးပါ။ ပြီးရင်တော့ သဘာဝဆန်ဆန်လေးဖြစ်အောင် Brow Gel အညိုရောင်လေးနဲ့ ဖြီးပေးပါ။

Eyeshadow စခြယ်ဖို့အတွက် Peach ကာလာနုနုလေးကို သုံးပြီးတော့ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုပါ ခြယ်ပေးပါ။ နှာတံထိပ်လေးကိုလည်း နည်းနည်းခြယ်ပေးပါ။

Eyeshadow ခြယ်ထားတာလေး ပိုထင်းသွားအောင်လို့ Peach ကာလာ Cream Blusher ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။

အညိုရောင်ရင့်ရင့်ကို မျက်လုံးထောင့်လေးမှာ တစ်ကြောင်းသေးသေးလေး ဆွဲပေးပါ။ မသိသာလေ Natural ဆန်လေပါပဲ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

ငွေရောင် (သို့) အဖြူရောင် Highlighter ကိုသုံးပြီးတော့ မျက်လုံးအောက်နားလေးကို ခြယ်ပါမယ်။

Peach ကာလာလေးနဲ့ပဲ ပါးနီခြယ်ပါမယ်။ ပါးနီကို နည်းနည်းထင်းထင်းလေးဖြစ်အောင် ခြယ်ပေးပါ။

ခုနကမျက်လုံးအောက်နားကို သုံးထားတဲ့ Highlighter နဲ့ပဲ နှာတံနေရာလေးကို လိမ်းပေးပါ။

နှုတ်ခမ်းနီကိုလည်း Peach ကာလာ (သို့) ပန်းရောင်အနုလေး ဆိုးပေးပါ။ ပြီးရင် အပေါ်ကနေ Lip Gloss လေး ထပ်ဆိုးလိုက်မယ်ဆိုရင်တော့ နှုတ်ခမ်းသားစိုစိုလေးနဲ့ ပိုလှသွားမှာပါ။

ဒါဆိုရင်တော့ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းတဲ့ Korea Peach Makeup Look လေးကို ရရှိသွားပါပြီ။