Yoona ဆိုရင်တော့ မသိတဲ့သူ မရှိသလောက်ပါပဲ။ သူမက အနုပညာအလုပ်ကို သက်တမ်းကြာရှည်စွာ လုပ်နိုင်တဲ့ ထိပ်တန်း အနုပညာရှင်တွေထဲ ပါဝင်ပါတယ်။ ကမ္ဘာကျော် Kpop Idol အဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့အပြင် ဇာတ်လမ်းကောင်းတွေမှာ မရပ်မနား သရုပ်ဆောင်လေ့ရှိတဲ့ အရည်အချင်းရှိ မင်းသမီး တစ်လတ်လည်း ဖြစ်ပါတယ်။
Yoona မှာ မိန်းကလေးတိုင်း လိုချင်တဲ့ အရာအားလုံး ရှိပါတယ်။ ရင်သပ်ရှုမောဖွယ်အလှ၊ အရွယ်တစ်ခုအထိ ထိန်းထားနိုင်တဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစား၊ ချိုမြတဲ့ အသံ၊ က တတ်တာ၊ ဘတ်စုံထူးချွန်တာ စတဲ့ အရာအားလုံးက Yoona ဆီမှာ အကုန်ရှိပါတယ်။
သူမက အနုပညာ အလုပ် အမျိုးမျိုးမှာ ပါဝင်ကာ မရပ်မနား ကြိုးစားလေ့ ရှိသူလို့လည်း လူသိများပါတယ်။ ဇာတ်လမ်း ရိုက်ရင်တောင် တစ်ကားနဲ့ တစ်ကား သိပ်မခြားဘဲ ရိုက်ကူးလေ့ရှိသူ ဖြစ်တာကြောင့် သူမရဲ့ ပရိတ်သတ်တွေက သူမအတွက် ပင်ပန်းလွန်းမလား စိုးရိမ်ရတဲ့အထိပါပဲ။ Kpop သီချင်းတိုင်းရဲ့ ကကွက်တိုင်းကို သူမက အကကျွမ်းကျင်သူ ဖြစ်တာကြောင့် အလွတ်ရသူလည်း ဖြစ်ပါတယ်။
သူမ ဝတ်လိုက်တဲ့ အဝတ်အစားတိုင်းက သူမနဲ့ လိုက်ဖက်တာကလည်း ငြင်းမရတဲ့ အချက်တစ်ချက်ပါ။ ကိုးရီးယား နိုင်ငံရဲ့ Beauty Standard နဲ့ ပြည့်မှီတဲ့အပြင် သူမရဲ့ Body Type ကလည်း အားလုံး လက်ခံထားကြတဲ့ အချိုးအစားနဲ့ ကိုက်ညီနေသူပါ။
သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Big Mouth” ဇာတ်လမ်းကလည်း အောင်မြင်မှု အများအပြား ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူမရဲ့ အဖွဲ့ Girls’ Generation အနေနဲ့ နောက်ဆုံး ထွက်ထားတဲ့ “Forever 1” သီချင်းကလည်း အောင်မြင်မှုတွေ ဆွတ်ခူးထားပြန်ပါတယ်။
သူမရဲ့ အောင်မြင်မှု၊ ကြိုးစားမှု၊ အရည်အချင်းတွေက များလွန်းတာကြောင့် ရေးလို့ ဆုံးမှာ မဟုတ်ပါဘူး။ ဒီတော့ Yoona ဝတ်လေ့ရှိတဲ့ ယဉ်ယဉ်လေးနဲ့ လှတဲ့ ဝတ်ဆင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။
သင့်အနေနဲ့ တည်ငြိမ်ပြီး ရင့်ကျက်တဲ့ Vibe မျိုး လိုချင်ရင် Yoona လို ဝတ်ကြည့်သင့်ပါတယ်။
Photo source: Pinterest
By MyStyle Myanmar