မင်္ဂလာပါနော်။ Seohyun ကိုတော့ တကူးတက မိတ်ဆက်ပေးရာမလိုပါဘူး။

Girls’ Generation အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာလည်း ပေါ်လွင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က Girls’ Generation အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

သီချင်းဆိုတာ သာမက သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေပါတယ်။

နာမည်အရင်းကတော့ Seo Joo Hyun ဖြစ်ပါတယ်။ သူ့ကို ၁၉၉၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Guro ခရိုင်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့်ကတော့ ၁.၇ မီတာ( ၅ပေ ၆.၉ လက်မ) ရှိပြီး သွေးအမျိုးအစားကတော့ A ပါ။

အမြဲတမ်း ဖက်ရှင်ကျကျဝတ်ဆင်လေ့ရှိပြီး သူဝတ်လိုက်ရင် အရမ်းကိုချစ်စရာကောင်းပါတယ်နော်။

ဒီတခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ အားလုံးဝတ်လို့အဆင်ပြေမယ့် Seohyun ရဲ့ ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။