မိတ်ကပ်လိမ်းတဲ့မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့ အဓိကပြဿနာကတော့ အပြင်သွားလို့ Mask တပ်ထားရင် ကြာလာတဲ့အခါ ချွေးထွက်ပြီး မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ Mask မှာပေကုန်တာပါပဲ။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် Mask တပ်ထားလို့ ချွေးထွက်ပြီး မိတ်ကပ်ပျက်တာမျိုးမဖြစ်စေမယ့် မိတ်ကပ်လိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်မလိမ်းခင်မှာ moisturizer လိမ်းပေးပါ။

နေရောင်ခြည်ကာကွယ်ဖို့အတွက် Sunscreen လိမ်းပေးပါ။

မိတ်ကပ်သားကြာရှည်ခံဖို့နဲ့ လိမ်းပြီး အချိန်ကြာရင် မဲသွားတာမျိုးမဖြစ်ရအောင် Primer လိမ်းပေးပါ။

အသားအရောင်မညီတဲ့နေရာတွေကိုညှိုဖို့နဲ့ အမဲစက်၊ ဝက်ခြံ၊ အမာရွတ်တွေကိုဖုံးဖို့အတွက် waterproof concealer ကိုသုံးပေးပါ။ ရိုးရိုး concealer ကိုသုံးရင် mask တပ်တဲ့အခါ ချွေးနဲ့ မိတ်ကပ်ပျက်သွားနိုင်ပါတယ်။

Concealer ကို blend လုပ်တဲ့အခါမှာ makeup sponge ကို makeup setting spray ဖြန်းပြီးမှ အဲ့ sponge နဲ့ blend လုပ်ပေးပါ။

Concealer သုံးပြီးရင် foundation ထပ်မလိမ်းတော့လည်း ရပါတယ်။ လိမ်းမယ်ဆိုရင်လည်း waterproof foundation မျိုးကို သုံးပေးပါ။ Makeup spong နဲ့လိမ်းပါ။

ပါးနီကိုတော့ Liquid ပါးနီသုံးပါမယ်။ Mask တပ်တဲ့အခါ ချွေးထွက်တာနဲ့ လိမ်းထားတာတွေ မပျက်သွားဖို့ဆိုရင် Liquid type ပါးနီက ပိုသင့်တော်ပါတယ်။

Eyeshadow ခြယ်တာ၊ မျက်လုံးပြင်တာ၊ မျက်ခုံးမွှေးဆွဲတာကတော့ ကိုယ်ကြိုက်သလို ပြင်နိုင်ပါတယ်။

Powder ကိုသုံးပါမယ်။ Powder သုံးတဲ့အခါမှာ Brush နဲ့ယူပြီး မျက်နှာကိုအရင်လိမ်းပေးပါ။ ပြီးရင်တော့ powder puff နဲ့ ထပ်ပြီး ဖိဖိပြီးပုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုပြီး long lasting ဖြစ်ပါတယ်။

နှုတ်ခမ်းနီမဆိုးခင်မှာ lip scrub အရင်လုပ်ပြီး lip balm ဆိုးထားပါ။ တစ်မိနစ်လောက်နေရင် တစ်ရှူးနဲ့သုတ်ပြီး ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကိုဆိုးပါ။

ပြီးရင်တော့ တစ်ရှူးကို နှုတ်ခမ်းနှစ်ခုကြား ညှပ်လိုက်ပါ။ ပြီးရင် powder ကို brush နဲ့ယူပြီး နှုတ်ခမ်းကိုပုပ်ပေးပါ။

ဒီလိုလုပ်တာက နှုတ်ခမ်းနီမပျက်ပဲ ပိုကြာကြာခံလို့ mask တပ်မယ်ဆိုရင် အဆင်ပြေပါတယ်။ နှုတ်ခမ်းနီတွေ mask မှာပေတာမျိုးလည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။

အားလုံးပြီးရင်တော့ Long lasting makeup setting spray ကို မျက်နှာတစ်ပြင်လုံး ဖြန်းပေးပါ။

ဒါဆိုရင်တော့ Mask တပ်ထားလို့ ချွေးထွက်ပြီး မိတ်ကပ်ပျက်တာမျိုးလည်း ဖြစ်တာ့မှာမဟုတ်ပါဘူး။

source:www.haleykim