မိတ်ကပ်အရမ်းပြင်တာထက် ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ Korean Makeup Look လေးတွေပြင်တာက ပိုလှပါတယ်။ ပျိုမေတို့ရဲ့မျက်နှာလေးလည်း ပိုပြီးနုပျိုသွားစေပါတယ်။ ဒါကြောင့် မိတ်ကပ်သိပ်မပြင်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် Korean Makeup ပြင်ဆင်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်ခံမိတ်ကပ်လိမ်းမယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ Glow ဖြစ်နေတာမျိုးလိုချင်ရင် Korean Cushion လေးတွေလိမ်းပါ။ Cushion က Foundation ထက်လည်း ပိုပြီးတော့လိမ်းရတာလွယ်ကူတယ်။ မိတ်ကပ်သားလည်း ပါးပါးညက်ညက်လေးဖြစ်စေတယ်။

မျက်ကွင်းညိုတဲ့နေရာနဲ့ T Zone နေရာကို Concealer သုံးပေးပါ။ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်ရှိတဲ့နေရာတွေကိုလည်း Concealer နဲ့ဖုံးပေးလို့ရပါတယ်။

Powder ကို Brush နဲ့ယူပြီး ပါးပါးလေးလိမ်းပေးပါ။ Dewy Look ကြိုက်ရင်တော့ Powder မသုံးပဲထားပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အနက်ရောင်မသုံးပဲ အညိုဘက်သွားတာလေးသုံးပေးပါ။ ထင်းထင်းကြီးမဆွဲပဲ ပါးပါးလေးနဲ့ ကိုယ့်မျက်ခုံးပုံအတိုင်း သဘာဝကျကျလေးပဲဆွဲပါ။

မိတ်ကပ်ရောင်ဘက်သွားတဲ့ Eyeshadow လေးနဲ့ မျက်ခွံ၊ မျက်လုံးထောင့်၊ မျက်လုံးအောက်နားလေးကိုပါ ခြယ်ပေးပါ။ အပေါ်ကနေ ရွှေအိုရောင် Eyeshadow လေးထပ်ခြယ်ပါ။ အဖြူဘက်သွားတဲ့ Shimmer လေးကိုလည်း မျက်ခွံပေါ်နဲ့ မျက်လုံးအောက်နားမှာ နည်းနည်းခြယ်ပေးပါ။

မျက်လုံးခြယ်ပြီးပြီဆိုရင်တော့ မျက်တောင်ကော့ပေးပါ။

ကိုရီးယားပုံလေးလိုချင်တဲ့အတွက် Eyeliner ကို အညိုလေးသုံးပါ။ ပုံမှာပြထားတဲ့အတိုင်း မျက်လုံးအစွန်းနားနဲ့ အောက်ဘက်အစွန်းနားကိုပဲ ဆွဲပေးပါ။ ဒါမှာမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပိုကျယ်သွားစေမှာ။

Eyeliner အနက်ရောင်ကိုသုံးပြီးတော့ ပုံမှာပြထားတဲ့အတိုင်း ပါးပါးမျှင်မျှင်လေးဆွဲပေးပါ။

နှာတံလေးပေါ်ချင်ရင် Contouring နဲ့ နှာတံဖော်ပေးပါ။ မေးရိုးကိုလည်း Contouring လုပ်ပေးပါ။ မလုပ်ချင်ရင် ဒီအဆင့်ကိုကျော်သွားလို့လည်း ရပါတယ်။ ပါးနီကိုလည်း မိတ်ကပ်ရောင် (သို့) ပန်းရောင်နုနုလေးသုံးပါ။

နှုတ်ခမ်းနီကိုတော့ အညိုရောင်ဘက်သွားတဲ့အရောင်လေး အရင်ဆိုးပါ။ ပြီးမှာ နှုတ်ခမ်းအတွင်းသားလေးကို အနီရောင်ဆိုးပါ။

ဒါဆိုရင်တော့ အရမ်းလှတဲ့ Korean Makeup Look လေးပြင်တာ ပြီးသွားပါပြီ။

Photo Source: www.지니비ZiniB.com