စမတ်ကျတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ နှိမ်ချတတ်ကြပြီး စမတ်ကျတယ်လို့ ဘယ်တော့မှ ဝန်မခံချင်ကြတတ်ပါဘူးနော်။ စူးစမ်းလေ့လာတတ်ကြသူတွေမို့အသစ်အဆန်းတွေကို အမြဲတမ်းရှာဖွေနေကြပါတယ်။ တစ်ချို့သူတွေက စမတ်ကျဖို့အတွက် သီးသန့်လူဖြစ်လာကြတဲ့ဆုလာဒ်ကို ပိုင်ဆိုင်ထားကြပါတယ်။ ကဲ..ဒါကြောင့် ရာသီခွင်တွေအားလုံးထဲမှာမှ စမတ်အကျဆုံးရာသီခွင်တွေက ဘယ်ရာသီခွင်လေးတွေဖြစ်မလဲဆိုတာကို သိချင်ရင်တော့ အဆုံးထိဖတ်ကြည့်လိုက်ပါနော်…

Aries (March 21 – April 19)

Aries ဖွားလေးတွေဟာ ငယ်ငယ်လေးတည်းက စာဖတ်ဝါသနာပါကြသူတွေ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး အလုပ်အမြဲတမ်းရှပ်နေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။
စူးစမ်းလေ့လာလိုစိတ်ရှိကြပြီး သူမသိတာတွေ အများကြီးရှိသေးတယ်ဆိုပြီးလည်း မကြာခဏပြောတတ်ကြသူတွေ ဖြစ်ပါတယ်။ ဆွေးနွေးရလွယ်ကူပြီး အသစ်အဆန်းတွေကို အမြဲနားစွင့်နေတတ်ကြသူတွေပဲ ဖြစ်ပါတယ်။

Capricorn (December 22 – January 19)

ဗဟုသုတအမြဲရှာချင်နေတဲ့ Capricorn လေးတွေဟာ နိုင်ငံရေးအစ စိတ်ပညာအဆုံး သူတို့စိတ်ဝင်စားတဲ့နယ်ပယ်တွေ အများကြီးရှိနေတတ်ပါတယ်။ အားလပ်ချိန်မျိုးမှာလည်း အပန်းဖြေရတာထက် မှတ်တမ်းတင်ဆောင်းပါးတွေနဲ့ သတင်းတွေကို နားထောင်ရတာနှစ်သက်သူမို့ အသိဉာဏ်တိုးပြီးရင်း တိုးနေကြသူတွေပဲ ဖြစ်ပါတယ်။

စိတ်ရော ဦးနှောက်ပါ အမြဲဖွံ့ဖြိုးအောင် ကြိုးစားနေကြသူတွေမို့ စမတ်အကျဆုံးရာသီခွင်တွေထဲ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

Aquarius (January 20 – February 18)

Aquarius တွေဟာ ၎င်းတို့ဘဝတိုးတက်ဖို့အတွက်နဲ့ အသိဉာဏ်မြင့်မားဖို့အတွက် အမြဲတစေအားထုတ်ကြိုးပမ်းနေကြသူတွေလည်း ဖြစ်ပါတယ်။ တွေးခေါ်နိုင်စွမ်းမြင့်မားကြပြီး မေးခွန်းထုတ်ရတာကို နှစ်သက်သူတွေလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ မေးခွန်းတွေ တသီတသန်းကြီးမေးတတ်ကြပြီး ကိစ္စတိုင်းအတွက် ထင်မြင်ယူဆချက်ပေါင်းမြောက်များစွာ ရှိနေတတ်ကြပါတယ်။ အားလပ်ချိန်တွေမှာဆို ပြတိုက်နဲ့ စာကြည့်တိုက်တွေကိုသွားရတာ နှစ်သက်ကြပါတယ်။