အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မှာ လူအများစုက ညဘက်တော်တော်နဲ့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေကြရပါတယ်။ ညဘက်မှာ အိပ်မပျော်တဲ့အခါ မနက်နိုးထလာရင် အိပ်ရေးမဝတော့ လူက ပင်ပန်းနုန်းချိနေသလို ခံစားရတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ရေးပျက်ခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေလို့ပါပဲ။

ဒါ့ကြောင့် အိပ်မပျော်တဲ့ရောဂါမခံစားရအောင်၊ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အိပ်တဲ့ပုံစံ အနေအထားမှန်ကန်အောင် အိပ်ပါ

ပက်လက်အနေအထားနဲ့ အိပ်စက်ခြင်းကတော့ အိပ်မပျော်တဲ့ဝေဒနာကို ကုသပေးဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ မှောက်လျက်အနေအထားနဲ့ ဝမ်းဗိုက်ဖိပြီး အိပ်စက်ခြင်းကတော့ လုံးဝမှားယွင်းတဲ့ အနေအထားပဲဖြစ်ပါတယ်။

မွေ့ယာအဟောင်းကို မွေ့ယာအသစ်နဲ့ လဲလိုက်ပါ

သင့်ရဲ့ မွေ့ယာက ၇ နှစ်ကျော်လာတဲ့အခါ အိပ်စက်ဖို့အတွက် အိစက်ညက်ညောမှုမရှိတော့တဲ့အပြင် သင့်ခန္ဓာကိုယ်ကို ကောင်းစွာမထောက်ပံ့ပေးနိုင်တော့ပါဘူး။

သင့်အတွေးတွေကို ချရေးထားပါ

သင့်ဦးနှောက်ထဲမှာ ရှိနေတဲ့ တောင်စဉ်ရေမရ အတွေးတွေက သင့်ကို အိပ်မပျော်အောင် နှောင့်ယှက်နေတာပါပဲ။ စာအုပ်လေးထဲမှာ ထိုအတွေးများကို ချရေးလိုက်ခြင်းက သင့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို လျော့ချပေးပြီး အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။

နေ့ခင်းနေ့လည် တရေးတမောအိပ်ခြင်းကို ကန့်သတ်ထားပါ

နေ့ခင်းနေ့လည်မှာ ၂ နာရီနဲ့အထက်ကြာတဲ့ တရေးတမောအိပ်ခြင်း (သို့) ညနေ ၆ နာရီမှ ၉ နာရီအတွင်း အိပ်စက်ခြင်းက ညဘက်မှာ ကောင်းကောင်းအိပ်မပျော်အောင် နှောင့်ယှက်ပါတယ်။ ဒါ့ကြောင့် ညနေ ၆ နာရီနောက်ပိုင်းဆိုတာနဲ့ တရေးမအိပ်ပါနဲ့တော့။ နေ့ခင်းဘက်အိပ်ရင်လည်း ၂ နာရီထက်ပို မအိပ်ပါနဲ့။

နာရီကို သင့်မျက်စိရှေ့မှာ မမြင်ရအောင် ဝေးဝေးမှာထားပါ

Yoga လေ့ကျင့်ခန်းများ ပြုလုပ်ကြည့်ပါ

အိပ်ပျော်ဖို့ အတင်းကြိုးစားမယ့်အစား အိပ်မပျော်မိဖို့ ကြိုးစားကြည့်ပါ

ဒီနည်းလမ်းက ထူးဆန်းတယ်လို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ သင့်ရဲ့ မသိစိတ်က သင် အိပ်မပျော်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပိုပြီး အိပ်ပျော်သွားအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ။ သင် ကလေးဘဝတုန်းက တရုတ်ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကို ညမအိပ်ဘဲ စောင့်မျှော်နေတဲ့ညမှာမှ အိပ်ပျော်သွားတဲ့အဖြစ်မျိုး ကြုံဖူးမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးက သင်နဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။

စာဖတ်သူတို့လည်း အခုဖော်ပြသွားတဲ့ နည်းလမ်းလေးတွေကို ပြုလုပ်ကြည့်ပြီး ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Source: Brightside.me