[Zawgyi]

အခုေနာက္ပိုင္းအမ်ားစုက ညဘက္ဆိုရင္ ေတာ္ရံုနဲ႔အိပ္မေပ်ာ္တတ္ၾကပါဘူး။ အဓိကကေတာ့ Facebook သံုးတာေတြ၊ Game ေဆာ့တာေတြေၾကာင့္ပါပဲ။ တစ္ရက္အိပ္မေပ်ာ္တာကို ႀကိဳးစားမအိပ္ပဲ အက်င့္လုပ္ၿပီး ဖုန္းဆက္သံုးတာေတြ၊ ဂိမ္းဆက္ေဆာ့တာေတြေၾကာင့္ ညဘက္ဆို ေတာ္ရံုနဲ႔အိပ္မေပ်ာ္တာဟာ အက်င့္ႀကီးတစ္ခုလိုျဖစ္လာပါတယ္။ ဒါေတြကိုျပင္ႏိုင္ဖို႔၊ ညဘက္မွာ ေတာ္ရံုနဲ႔ အိပ္မေပ်ာ္တတ္တဲ့ အက်င့္ကိုျပင္ႏိုင္ဖို႔ ျပဳလုပ္ေပးရမယ့္အရာေတြကို ေျပာျပေပးလိုက္ပါတယ္။

အေရးအႀကီးဆံုးကေတာ့ အိပ္စက္ခ်ိန္နဲ႔ ႏိုးထခ်ိန္ကို သတ္မွတ္ထားဖို႔ပါ။ ညဘက္ ၁၀ နာရီအိပ္မယ္ဆိုရင္ မနက္ ၆ နာရီထပါ။ ေန႔တိုင္းအခ်ိန္မွန္အိပ္ၿပီး အခ်ိန္မွန္ထေပးပါ။ ေတာ္ေတာ္မ်ားမ်ားက ပိတ္ရက္ဆိုရင္ ေနာက္က်မွအိပ္ၿပီး မနက္ဆိုလည္းေနာက္က်မွထၾကတယ္။ ဒီလိုမလုပ္ပါပဲ အၿမဲတမ္းအိပ္စက္ခ်ိန္၊ ႏိုးထခ်ိန္ကို အခ်ိန္မွန္မွန္ေလးလုပ္ထားေပးရင္ ပိုေကာင္းပါတယ္။

Source: www.thelist.com

အိပ္ခါနီးမွာ ေရမ်ားမ်ားမေသာက္ပါနဲ႔။ ေရမ်ားမ်ားေသာက္ရင္ ခဏခဏအေပါ့သြားခ်င္တဲ့အတြက္ အိပ္စက္ျခင္းကို အေႏွာက္အယွက္ေပးပါတယ္။ ေကာ္ဖီကို ညေန ၅ နာရီကစၿပီး လံုး၀မေသာက္ပါနဲ႔။ အိပ္ခါနီးမွာ အစာစားတဲ့အက်င့္ကိုလည္း ေရွာင္ေပးပါ။ အိပ္ခါနီးမွာ ႏြားႏို႔ပူပူေလးတစ္ခြက္ ပံုမွန္ေသာက္ေပးရင္ ေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္။ အစားအေသာက္ေတြစားတဲ့အခါမွာလည္း အသီးအရြက္ေတြကိုသာ အဓိကထားၿပီးစားသံုးေပးပါ။

Source: www.thelist.com

ညဘက္မွာ ေတာ္ရံုနဲ႔အိပ္မေပ်ာ္တာ စိတ္ဖိစီးမႈေတြ၊ Stress ေတြရွိေနလို႔လည္း ပါပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြ Stress ေတြေလ်ာ့က်သြားေအာင္ အိပ္ခါနီးမွာတရားထိုင္ေပးပါ။ တရားထိုင္တာက စိတ္ကိုတည္ၿငိမ္ေအးခ်မ္းေစတဲ့အျပင္ ေကာင္းေကာင္းအိပ္စက္ႏိုင္ဖို႔အတြက္လည္း အေထာက္အကူျဖစ္ပါတယ္။ Yoga က်င့္ေပးတာလည္း အရမ္းေကာင္းပါတယ္။ တရားထိုင္တာနဲ႔ Yoga က်င့္တာဟာ စိတ္ဖိစီးမႈေတြ Stress ေတြကို ေလ်ာ့က်ေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္။

Source: www.globalhealthz.com

ေန႔ခင္းဘက္မွာအိပ္တာက ညဘက္မွာ ေကာင္းေကာင္းအိပ္ေပ်ာ္ႏိုင္ဖို႔ကို အေႏွာက္အယွက္ေပးပါတယ္။ ဒါေၾကာင့္ ညဘက္မွာေကာင္းေကာင္းအိပ္ေပ်ာ္ခ်င္ရင္ ေန႔ခင္းဘက္မအိပ္ပါနဲ႔။ ညအိပ္ခါနီး တစ္နာရီအလို (သို႔) ႏွစ္နာရီအလိုေလာက္ကစၿပီး ဖုန္းလံုးဝမသံုးပါနဲ႔။ ကြန္ျပဴတာနဲ႔ တီဗီလည္းမၾကည့္ပါနဲ႔။ ပ်င္းေနရင္ Yoga က်င့္၊ တရားထိုင္၊ စာအုပ္ေလးဖတ္ေနပါ။

Source: www.drmayankshukla.com

အိပ္စက္တဲ့အခါမွာလည္း အိပ္ယာနဲ႔ အိပ္ခန္းကို သပ္ရပ္သန္႔ရွင္းၿပီး အနံ႔အသက္ေကာင္းေအာင္ ဂရုစိုက္ေပးပါ။ အိပ္ခန္းနဲ႔ အိပ္ယာက အနံ႔အသက္ေတြမေကာင္းပဲ ညစ္ပတ္ေနရင္ အိပ္စက္ျခင္းကို အရမ္းအေႏွာက္အယွက္ျဖစ္ေစပါတယ္။ အိပ္ခန္းက အလင္းေရာင္ေတြအားလံုးကိုလည္း ပိတ္ထားဖို႔လိုပါတယ္။ မီးပိတ္ၿပီးမအိပ္တတ္တဲ့သူဆိုရင္ မီးမွိန္မွိန္ေလးထြန္းၿပီး Eye Cover တပ္အိပ္ပါ။ ကိုယ္အိပ္မယ့္အခန္းက တိတ္ဆိတ္ၿငိမ္သက္ၿပီး ေအးခ်မ္းေနဖို႔ လိုပါတယ္။

Source: www.dusuneninsanlaricin.com

[Unicode]

အခုနောက်ပိုင်းအများစုက ညဘက်ဆိုရင် တော်ရုံနဲ့အိပ်မပျော်တတ်ကြပါဘူး။ အဓိကကတော့ Facebook သုံးတာတွေ၊ Game ဆော့တာတွေကြောင့်ပါပဲ။ တစ်ရက်အိပ်မပျော်တာကို ကြိုးစားမအိပ်ပဲ အကျင့်လုပ်ပြီး ဖုန်းဆက်သုံးတာတွေ၊ ဂိမ်းဆက်ဆော့တာတွေကြောင့် ညဘက်ဆို တော်ရုံနဲ့အိပ်မပျော်တာဟာ အကျင့်ကြီးတစ်ခုလိုဖြစ်လာပါတယ်။ ဒါတွေကိုပြင်နိုင်ဖို့၊ ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့ အကျင့်ကိုပြင်နိုင်ဖို့ ပြုလုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အရေးအကြီးဆုံးကတော့ အိပ်စက်ချိန်နဲ့ နိုးထချိန်ကို သတ်မှတ်ထားဖို့ပါ။ ညဘက် ၁၀ နာရီအိပ်မယ်ဆိုရင် မနက် ၆ နာရီထပါ။ နေ့တိုင်းအချိန်မှန်အိပ်ပြီး အချိန်မှန်ထပေးပါ။ တော်တော်များများက ပိတ်ရက်ဆိုရင် နောက်ကျမှအိပ်ပြီး မနက်ဆိုလည်းနောက်ကျမှထကြတယ်။ ဒီလိုမလုပ်ပါပဲ အမြဲတမ်းအိပ်စက်ချိန်၊ နိုးထချိန်ကို အချိန်မှန်မှန်လေးလုပ်ထားပေးရင် ပိုကောင်းပါတယ်။

Source: www.thelist.com

အိပ်ခါနီးမှာ ရေများများမသောက်ပါနဲ့။ ရေများများသောက်ရင် ခဏခဏအပေါ့သွားချင်တဲ့အတွက် အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။ ကော်ဖီကို ညနေ ၅ နာရီကစပြီး လုံးဝမသောက်ပါနဲ့။ အိပ်ခါနီးမှာ အစာစားတဲ့အကျင့်ကိုလည်း ရှောင်ပေးပါ။ အိပ်ခါနီးမှာ နွားနို့ပူပူလေးတစ်ခွက် ပုံမှန်သောက်ပေးရင် ကောင်းကောင်းအိပ်ပျော်ပါတယ်။ အစားအသောက်တွေစားတဲ့အခါမှာလည်း အသီးအရွက်တွေကိုသာ အဓိကထားပြီးစားသုံးပေးပါ။

Source: www.thelist.com

ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တာ စိတ်ဖိစီးမှုတွေ၊ Stress တွေရှိနေလို့လည်း ပါပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ Stress တွေလျော့ကျသွားအောင် အိပ်ခါနီးမှာတရားထိုင်ပေးပါ။ တရားထိုင်တာက စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့အပြင် ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ Yoga ကျင့်ပေးတာလည်း အရမ်းကောင်းပါတယ်။ တရားထိုင်တာနဲ့ Yoga ကျင့်တာဟာ စိတ်ဖိစီးမှုတွေ Stress တွေကို လျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

Source: www.globalhealthz.com

နေ့ခင်းဘက်မှာအိပ်တာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် ညဘက်မှာကောင်းကောင်းအိပ်ပျော်ချင်ရင် နေ့ခင်းဘက်မအိပ်ပါနဲ့။ ညအိပ်ခါနီး တစ်နာရီအလို (သို့) နှစ်နာရီအလိုလောက်ကစပြီး ဖုန်းလုံးဝမသုံးပါနဲ့။ ကွန်ပြူတာနဲ့ တီဗီလည်းမကြည့်ပါနဲ့။ ပျင်းနေရင် Yoga ကျင့်၊ တရားထိုင်၊ စာအုပ်လေးဖတ်နေပါ။

Source: www.drmayankshukla.com

အိပ်စက်တဲ့အခါမှာလည်း အိပ်ယာနဲ့ အိပ်ခန်းကို သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကောင်းအောင် ဂရုစိုက်ပေးပါ။ အိပ်ခန်းနဲ့ အိပ်ယာက အနံ့အသက်တွေမကောင်းပဲ ညစ်ပတ်နေရင် အိပ်စက်ခြင်းကို အရမ်းအနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ခန်းက အလင်းရောင်တွေအားလုံးကိုလည်း ပိတ်ထားဖို့လိုပါတယ်။ မီးပိတ်ပြီးမအိပ်တတ်တဲ့သူဆိုရင် မီးမှိန်မှိန်လေးထွန်းပြီး Eye Cover တပ်အိပ်ပါ။ ကိုယ်အိပ်မယ့်အခန်းက တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းနေဖို့ လိုပါတယ်။

Source: www.dusuneninsanlaricin.com