လူငယ်ကောင်မလေးတွေအတွက် ဝတ်ထားတဲ့ဖက်ရှင်နဲ့ အထာကျပြီး မိုက်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပို့စ်အိုင်ဒီယာအဆန်းလေးတွေလည်း ပါတာကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါရင် Try ကြည့်ပါ။
မှန်ရှေ့မှာ ထိုင်စရာနေရာလေးရှိရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိသလို ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ပေါ်မူတည်ပြီး အထာကျနေမှာပါ။
ဒီပို့စ်လေးဆိုရင် အိမ်ရဲ့ထောင့်နေရာလေးမှာ ရိုက်လို့ရပါတယ်။ အဓိကက ဖက်ရှင်နဲ့ ပို့စ်ပေးနည်းပါပဲ။ ဆွဲဆောင်မှုရှိပြီး မိုက်လည်းမိုက်တဲ့ ပို့စ်လေးပါ။
ဖက်ရှင်အမိုက်စားလေးဝတ်ထားပြီး ဒီလိုလေးထိုင်ရိုက်တာလည်း မိုက်ပါတယ်။ ညဘက်တွေမှာ မီးရောင်နဲ့ရိုက်ရင် ပိုမိုက်ပါတယ်။
Skirt ဝတ်ထားတာတောင်မှ Cute Type မဟုတ်ပဲ အထာကျပြီးမိုက်သလိုလေး ဖြစ်နေစေမယ့် ပို့စ်ဖြစ်ပါတယ်။ အရမ်းမိန်းကလေးဆန်တာ မကြိုက်ရင် ဒီလိုလေး ရိုက်ကြည့်ပါ။
ဒီပို့စ်လေးကျတော့ အထာကျကျလေးဝတ်ထားပြီး ချစ်ဖို့ကောင်းနေမယ့် ပို့စ်လေးပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။
ဒီပို့စ်လေးမှာဆိုရင် ထိုင်တဲ့ပုံစံနဲ့ မျက်နှာထားက အသက်ပါပဲ။ မျက်မှန်လေးတပ်ပြီးရိုက်ရင် ပိုမိုက်ပါတယ်။
ထိုင်ခုံမှာ ပေါ့ပေါ့ပါးပါးလေး ပို့စ်ပေးပြီး ထိုင်ရိုက်လို့ရမယ့် ပို့စ်အိုင်ဒီယာလေးဖြစ်ပါတယ်။
အထာကျပြီး မိုက်နေစေမယ့် ပို့စ်လေးဖြစ်တဲ့အပြင် ပို့စ်အဆန်းလေးလည်း ဖြစ်ပါတယ်။ ဒီပို့စ်လေးမှာတော့ Filter ကို သေချာသုံးပြီးပြင်ရင် ပိုမိုက်ပါတယ်။
သူများနဲ့မတူပဲ တစ်မျိုးလေးဆန်းပြီး မိုက်နေစေမယ့် ပို့စ်လေးပါ။ ဒီမှာဆိုရင် Filter က အသက်ပါပဲ။
ပန်းခြံလေးမှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ရိုက်တဲ့သူက အပေါ်စီးကနေ ရိုက်ပေးပါ။ ဒါဆိုရင် ပုံကောင်းလေးထွက်လာမှာ သေချာပါတယ်။
Photo source:www.pinterest.com