အခုခေတ် လူငယ်ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ ဖက်ရှင်လေးတွေနဲ့ အထာကျပြီး မိမိုက်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ စတိုင်လ်ကျကျ၊ အထာကျကျလေး ပို့စ်ပေးပြီး ဓာတ်ပုံရိုက်ရတာမျိုးကြိုက်တဲ့ လူငယ်ကောင်မလေးတွေကတော့ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။

ဒီလိုဖက်ရှင်စတိုင်လ်လေး ဝတ်ထားတဲ့အခါမှာတော့ လွတ်လပ်ပေါ့ပါးပြီး အထာကျကျနဲ့ လှနေအောင်လို့ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

ဒီဖက်ရှင်စတိုင်လ်လေးနဲ့ ပို့စ်ပေးနည်းလေးဆိုရင် အခုနောက်ပိုင်းမှာ အရမ်း Trends ဖြစ်နေတဲ့ ပုံစံလေးပါပဲ။ ဒီလိုပို့စ်လေးတွေလုပ်တဲ့အခါ နေကာမျက်မှန်လေးတပ်ထားရင် ပိုမိုက်ပါတယ်။

ထိုင်တာတောင်မှ အထာကျပြီး ဆွဲဆောင်မှုရှိနေစေမယ့် ပို့စ်မျိုးပါ။ လက်အနေအထားနဲ့ မျက်နှာထားက အသက်ပါပဲ။

ဒီဖက်ရှင်စတိုင်လ်လေးနဲ့ ဒီပို့စ်လေးကတော့ လုံးဝကို ဖက်ရှင်ကျကျနဲ့ မိမိုက်နေမယ့် ပုံစံလေးပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေပြီး အထာကျကျနဲ့ မိုက်ပါတယ်။

ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေအတွက် ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ ပို့စ်အိုင်ဒီယာလေးပါ။

ဒီလိုခုံအမြင့်တွေမှာ ထိုင်ရိုက်မယ်ဆိုရင် ထိုင်တဲ့ပုံစံပေါ်မူတည်ပြီး ပုံကောင်းထွက်လာစေပါတယ်။ ဒီလိုခုံမျိုးမှာထိုင်ရိုက်တဲ့အခါ ခါးကုန်းနေတာမျိုး၊ ပုခုံးအောက်လျှောနေတာမျိုးဆို လုံးဝမလှပါဘူး။ စမတ်ကျကျလေး ထိုင်ရင်လှသလို ဒီလိုလေးထိုင်ပြီး ရယ်နေတာမျိုးလေးကလည်း ဆွဲဆောင်မှုရှိပြီး လှလည်းလှ ချစ်ဖို့လည်းကောင်းပါတယ်။

ပို့စ်တွေသိပ်မလုပ်တတ်လည်း ဒီလိုလေးသာရပ်ပြီး ပို့စ်ပေးလိုက်ပါ။ ဖက်ရှင်နဲ့ မျက်နှာထားက အသက်ပါပဲ။

ခုံတန်းအနိမ့်လေးတွေမှာ ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျပြီးမိုက်သလို ဆွဲဆောင်မှုလည်းရှိပါတယ်။

ဒီတိုင်းလေးထိုင်ရိုက်တာတောင်မှ ဆွဲဆောင်မှုရှိပြီးလှနေတဲ့ ပို့စ်ပေးနည်းပါပဲ။ မျက်နှာထားကိုပါ ပုံထဲကအတိုင်းလေး လုပ်ပြီးရိုက်ကြည့်ပါ။

ဒီပို့စ်လေးကတော့ အလွင့်ပုံစံနဲ့ ဆွဲဆောင်မှုရှိပြီးမိုက်နေမယ့် ပို့စ်ပေးနည်းပါပဲ။

Photo source:www.pinterest.com