အခုခေတ်လူငယ်ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ ဒီဘောင်းဘီအပွတွေကို လွတ်လပ်ပေါ့ပါးပြီး စတိုင်လ်ကျနေအောင် ဝတ်ဆင်ဖို့အတွက် ဖက်ရှင်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်း Girly Type ဖြစ်တာမျိုး မကြိုက်တဲ့သူတွေဆိုရင်တော့ ဒီဖက်ရှင်စတိုင်လ်လေးတွေကို သဘောကျမှာသေချာပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် လုံးဝကို ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးနေမယ့် စတိုင်လ်လေးပါ။ ထသွားထလာ၊ သင်တန်းသွားတာမျိုးအတွက် အရမ်းအဆင်ပြေပါတယ်။

အပေါ်အပွ အောက်အပွနဲ့ စတိုင်လ်ကျပြီး မိုက်နေမယ့် ဖက်ရှင်လေးပါပဲ။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် ဘောင်းဘီအပွကိုမှ Crop Top အကျပ်လေးနဲ့ တွဲဝတ်လိုက်တော့ စတိုင်လ်ကျပြီးမိုက်တဲ့ Look လေး ရစေပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ သူများနဲ့မတုပဲ စတိုင်လ်ကျနေမယ့် ဖက်ရှင်လေးပါပဲ။ ကြည့်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးမှုရှိတဲ့ ဖက်ရှင်ပါ။

ပူအိုက်တဲ့နေ့မျိုးမှာဆိုရင် ဒီဖက်ရှင်စတိုင်လ်လေးကိုသာ ဝတ်ဆင်ကြည့်ပါ။ လွတ်လပ်ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျနေမှာပါ။

ကြိုးတစ်လုံးလေးကို ဘောင်းဘီအပွထဲ ထည့်ဝတ်တာမျိုးကလည်း ဆွဲဆောင်မှုရှိပြီးမိုက်တဲ့ ဖက်ရှင်စတိုင်လ်ပါပဲ။ ဝတ်ရတာလည်း လွတ်လပ်ပေါ့ပါးမှု ရှိစေပါတယ်။

ဒီလိုအဆင် ဘောင်းဘီအပွတွေကျတော့ ဝတ်လိုက်တာနဲ့ကို မိုက်ပါတယ်။ Body Fit အင်္ကျီလေးတွေနဲ့ တွဲဝတ်ရင် ဆွဲဆောင်မှုရှိပြီး မိုက်နေမှာပါ။ ဒီမှာတော့ လွတ်လပ်ပေါ့ပါးမှုရှိတဲ့ စတိုင်လ်မျိုးလေး ဝတ်ထားပါတယ်။

ဘောင်းဘီအပွလေးတွေကို ရိုးရိုးအင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်လိုက်ရင်လည်း ရိုးရှင်းပြီး စတိုင်လ်ကျနေတာပါပဲ။

ဘောင်းဘီအပွတွေကို ဒီလိုလက်ရှည်အင်္ကျီကိုယ်ကျပ် Crop Top လေးတွေနဲ့ တွဲဝတ်လိုက်ရင်တော့ စတိုင်လ်ကျပြီး မိုက်နေမှာ သေချာပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိပါတယ်။

Photo source:www.pinterest.com