ဖက်ရှင်ဆိုရင် သူများနဲ့မတူပဲကွဲထွက်နေတာမျိုးလေးတွေကို ဝတ်ရတာကြိုက်တဲ့သူတွေနဲ့ စတိုင်လ်ကျပြီးမိုက်တဲ့ ဖက်ရှင်အလန်းလေးကိုမှ ဝတ်ရတာကြိုက်တဲ့သူတွေအတွက် အမြဲတမ်းမိမိုက်နေစေမယ့် ဖက်ရှင်အလန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
Leather skirt တွေကမိုက်တော့ တော်တော်များများက ဘာအင်္ကျီနဲ့တွဲဝတ်ရမလဲဆိုတာကို အရမ်းရွေးနေတတ်ကြပါတယ်။ တကယ်တော့ Leather skirt ကို တီရှပ်အဖြူလေးနဲ့သာတွဲဝတ်ပြီး ဒီလို boots လေးစီးလိုက်ရင် စတိုင်လ်ကျပြီး မိုက်သွားတာပါပဲ။
အခုနောက်ပိုင်းမှာ ဒီလိုဖဲသား၊ ပိုးသား ကြိုးတစ်လုံးဂါဝန်လေးက အရမ်းခေတ်စားနေပါတယ်။ ဒီဂါဝန်လေးကိုဝတ်ရင် တော်တော်များများက ဒီတိုင်းပဲဝတ်တတ်ပါတယ်။ သူများထက်ပိုထူးချင်ရင်တော့ ဒီလို ကိုယ့်ဂါဝန်အရောင်နဲ့တူတဲ့ ကုတ်လေးသာ ထပ်ဝတ်ပါ။ စတိုင်လ်ကျပြီး အရမ်းလှပါတယ်။
ဒီလိုဒဲ့ပွဂျင်းအရှည်လေးတွေကလည်း အခုနောက်ပိုင်း အရမ်းခေတ်စားနေပါတယ်။ ဒီဂျင်းလေးတွေကိုဝတ်ရင် ဂျင်းအဖြူမျိုးကို ရွေးဝတ်ပါ။ ဂျင်းအဖြူက ပိုလှပါတယ်။ ပြီးရင် ရှပ်အင်္ကျီအဖြူ ခါးတိုလေးတွေနဲ့တွဲဝတ်ပါ။ ရိုးရိုးလေးနဲ့ စတိုင်လ်ကျပြီး မိမိုက်နေမှာပါ။
အသားကပ်ဘောင်းဘီကိုမှ ဒူးအထက်ရောက်တာလေးတွေက နောက်ပိုင်း အရမ်းခေတ်စားလာပါတယ်။ တော်တော်များများက ဒီလိုဘောင်းဘီလေးတွေကို Hoodie တွေနဲ့တွဲဝတ်တာ များပါတယ်။ Hoodie နဲ့တွဲဝတ်မယ့်အစား Oversized tee လေးတွေနဲ့တွဲဝတ်တာက ရိုးရိုးလေးနဲ့ freestyle ဖြစ်ပြီး အရမ်းမိုက်ပါတယ်။
ခပ်မိုက်မိုက်ဖက်ရှင်မျိုး၊ စတိုင်လ်ကျမှကြိုက်ရင်တော့ ဂျင်းစကပ်တွေကိုဝတ်ရင် ရှပ်အင်္ကျီအဖြူနဲ့ ဒီလိုဖက်ရှင်မျိုးလေး ဝတ်ကြည့်ပါ။ Cute type မဟုတ်ပဲ ဖက်ရှင်ကျပြီးကိုမိုက်နေတာမျိုးပါ။
ဒူးအထက်ရောင်တဲ့ဂျင်းဘောင်းဘီလေးတွေလည်း ပြန်ခေတ်စားနေပါတယ်။ ဒီလိုဂျင်းဘောင်းဘီတွေကို တော်တော်များများက Hoodie တို့၊ Oversized tee တို့နဲ့ တွဲဝတ်ကြတာများပါတယ်။ သူများနဲ့မတူချင်ရင်ရင် ဒီလိုကြိုးတစ်လုံးလေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။ စတိုင်လ်ကျပြီးမိုက်နေမှာပါ။
ဝတ်ရတာပေါ့ပါးပြီး မိုက်နေတာမျိုးလေးဆိုရင်တော့ Oversized shirt တွေကို ဒီလိုမျိုးလေးဝတ်ကြည့်ပါ။ ဖိနပ်နဲ့ဦးထုပ်ကတော့ အသက်ပါပဲ။
ဂျင်းဘောင်းဘီအတိုနဲ့ Crop top လေးတွေတွဲဝတ်မယ်ဆိုရင် အိတ်ကို ဒီလိုအိတ်မျိုးလေး ခါးမှာပတ်လွယ်ပါ။ ပိုပြီးဖက်ရှင်ကျပါတယ်။
photo source:www.pinterest.com