မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ရုံးသွားတဲ့အခါ စမတ်ကျကျနဲ့ဝတ်ဆင်ဖို့ဆိုတာ အရေးကြီးတယ်လို့တချို့ကထင်ကြပေမယ့် တကယ်တော့ မေ့ထားလို့လည်းမရပါဘူးနော်။ First Impression က အရေးကြီးတာမလို့ အဝတ်အစားကလည်း Customer တွေနဲ့တွေ့ရတဲ့အခါမျိုးတွေမှာ တစ်ထောင့်တစ်နေရာကနေ ပံ့ပို့ပေးပါတယ်။

ကျက်သရေရှိပြီး စမတ်ကျတဲ့ ဝတ်စုံတွေက ပြီးပြည့်စုံတဲ့အလုပ်နေ့တစ်ခုဖြစ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီတော့ ရုံးသွားတဲ့အချိန်မှာ အလှဆုံးနဲ့ စတိုင်ကျလှနေဖို့အတွက်ဆို ဒီလိုလေးတွေ ဝတ်ကြည်ပါ။

Trousers with top

ဘောင်းဘီရှည်နဲ့ blazer တို့ကိုတွဲဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံတစ်စုံအဖြစ် ဖန်တီးလိုက်ပါ။

Pencil skirts with top

Pencil skirts ကို အင်တာဗျူး ဒါမှမဟုတ် တင်ဆက်မှုတစ်ခုခုရှိတာမျိုးဆိုရင် ရွေးချယ်ဖို့အကြံပေးပါရစေ။ ပရော်ဖက်ရှင်နယ်အသွင်အပြင်ကို ပေးစွမ်းရုံသာမက တစ်နေ့တာလုံး သင့်ကို ယုံကြည်မှုအပြည့်ရှိစေမှာပါ။

Dress

ရုံးဝတ်ဝတ်စုံများအတွက်ဆို ဂါဝန်တွေက ပေါ့ပါးပြီး ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာရှိပြီး အတောက်ပဆုံးဖြစ်စေပါတယ်။

Traditional Office Wear Ideas

ရိုးရာဝတ်စုံဆိုတာ အမျိုးသမီးတိုင်းရဲ့ဘ၀ပါ။ ရုံးတက်နေ့တွေမှာ အချိန်အကြာကြီး တက်ကြွနေဖို့ လိုအပ်နေပြီလို့ ခံစားရတဲ့အခါတိုင်း ရိုးရာဝတ်စုံကို ရွေးချယ်ပါ။

Jeans top

ပေါ့ပေါ့ပါးပါး စွဲမက်ဖွယ်ကောင်းတဲ့ပုံစံဖြစ်ချင်ရင် အနီရောင်၊ အပြာရောင်၊ ရေပြာ၊ သံလွင်စိမ်း အစရှိတဲ့ အရောင်တောက်တောက်တွေကို အရောင်ဖျော့တဲ့ ဂျင်းဘောင်းဘီနဲ့ တွဲလို့ရပါတယ်။ အမိုက်စား ဂျင်းဘောင်းဘီအတွက်ဆို အနက်ရောင်၊ အဖြူ၊ အဝါဖျော့၊ ပန်းရောင်ဖျော့ဖျော့၊ အပြာနုရောင်တို့ကို ရွေးချယ်လိုက်ပါ။

Source: stylecaret