အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လူငယ်ဆန်ပြီးပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ ဖက်ရှင်စတိုင်လ်လေးတွေကို မျှဝေပေးချင်ပါတယ်။
လူငယ်တွေနဲ့လည်းလိုက်ဖက်တယ်။ လူကြီးတွေရဲ့အမြင်မှာလည်း သင့်တော်ပြီး ကြည့်လို့ကောင်းနေတဲ့ဖက်ရှင်မျိုးဆိုတော့ စာဖတ်သူတို့လည်း သဘောကျကြမယ်လို့ ယုံကြည်ပါတယ်။
အရမ်းလည်းချစ်စရာကောင်းပြီး ကျော့ရှင်းတယ်။ အထာကျတဲ့ လူငယ်ဆန်ဆန်ပုံစံလေးဆိုတော့ မြင်သူတိုင်းခိုက်ကြမယ်ဆိုတာ သေချာပါတယ်နော်။
ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီလေးနဲ့ဝတ်မလား၊ ဂါဝန်လေးနဲ့ဝတ်မလား၊ စကပ်လေးနဲ့ပဲဝတ်မလား၊ ဘောင်းဘီအပွလေးနဲ့ပဲဝတ်မလား စတိုင်လ်အမျိုးမျိုးကို ဖော်ပြပေးထားတာမို့ အခုပဲ ဘယ်လိုဒီဇိုင်းလေးလည်းဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။
Photo Source: Pinterest