ဖက်ရှင်ချစ်သူပျိုမေတို့အားလုံး မင်္ဂလာပါနော်။ ကြည့်လိုက်ရင် စမတ်ကျပြီး ယုံကြည်မှုပိုရှိတယ်လို့ မြင်စေမယ့် ဖက်ရှင်တွေထဲမှာ အနက်ရောင်ဖက်ရှင်ဒီဇိုင်းတွေလည်း ပါနေတယ်ဆိုတာ ငြင်းလို့မရပါဘူးနော်။ အနက်ရောင်ကြိုက်တဲ့မိန်းကလေးတွေက အမှီအခိုကင်းပြီး ဆုံးဖြတ်ချက်ပြတ်သားကြတယ်။ နောက်ပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်သူတွေဖြစ်တဲ့အပြင် လျို့ဝှက်ချက်များပြီး တစ်သီးတစ်သန့်နေတတ်တဲ့သူတွေပဲ့ဖြစ်ပါတယ်။

ဒါ့အပြင် အနက်ရောင်ဝတ်လိုက်တဲ့မိန်းကလေးတစ်ယောက်က နဂိုထက် ပိုဆွဲဆောင်မှုရှိပြီး Sexy ကျတာကိုတော့ သင်ဘယ်လိုမှ ငြင်းမရပါဘူးနော်။
ဒီတော့ အနက်ရောင်ကိုမှ ဂျင်းဘောင်းဘီလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ပေါ့ပေါ့ပါးပါးလေးနဲ့ အထာကျကျဝတ်ချင်တဲ့ပျိုမေတို့အတွက် အနက်ရောင်ဖက်ရှင်စတိုင်လ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။









Photo Source: Pinterest