တစ်ခါတစ်လေမှာ စိတ်ဓာတ်ကျတာမျိုး လူတိုင်းလိုလိုဖြစ်ပါတယ်။ ဒီလို စိတ်ဓာတ်ကျတဲ့အခါ ဘယ်သူ့ဆီကမှ Motivation ယူစရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုပြန်ပြီး Motivate လုပ်ပေးလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို Motivate လုပ်ပေးနိုင်ဖို့အတွက် ကူညီပေးမယ့် အရိုးရှင်းဆုံး နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

စိတ်ရှုပ်စရာတွေကိုနေ့တိုင်းလျှော့ချပါ

စိတ်ရှုပ်စရာတွေကို ခေါင်းထဲထည့်ထားရင်တော့ ဘယ်လောက် Motivation ဖြစ်အောင်လုပ်လုပ် စိတ်ဓာတ်ကျနေမှာပါပဲ။ ဒါကြောင့် စိတ်ရှုပ်စရာတွေကို နေ့တိုင်းလျှော့ချဖို့လိုပါတယ်။

သီချင်းနားထောင်ပါ

သီချင်းနားထောင်တာက စိတ်ကိုအရမ်း Relax ဖြစ်စေတယ်။ ပေါ့ပါးစေပါတယ်။ ဒါကြောင့် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပြီး အပန်းဖြေပါ။ အနားယူပါ။

ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ထားပါ

ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ထားရင် စိတ်ဓာတ်ကျလည်း ခဏပါပဲ။ ချက်ချင်းပြန်ထပြီး ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။

အရမ်းမတွေးပါနဲ့

အရမ်းတွေးရင်၊ အတွေးတွေများနေရင် စိတ်တွေပိုရှုပ်ထွေးလာမယ်။ စိတ်ညစ်ပြီး စိတ်ဓာတ်ကျလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို Motivate ပေးနိုင်ဖို့ဆိုရင် အတွေးမများအောင် အရင်လုပ်ရပါမယ်။

ပျော်မယ်ထင်ရင်လုပ်ပါ

ကိုယ့်ကိုယ်ကို ပျော်အောင်ထားပါ။ ကိုယ်ပျော်မယ်ထင်ရင် အကုန်လုပ်ပါ။ ကိုယ်တိုင်ပျော်ရွှင်နေမှလည်း အရာရာအဆင်ပြေပြေနဲ့ Motivation ရမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက တက်ကြွလန်းဆန်းပြီး Motivation အရမ်းရပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ဖဲ့ပေးပါ။

တရားထိုင်ပါ

ကိုယ့်ကိုယ်ကို Motivate ပေးနိုင်ဖို့အတွက် စိတ်တည်ငြိမ်ဖို့၊ စိတ်ကြည်ပြီး စိတ်ချမ်းသာဖို့လည်း လိုပါတယ်။ အဲ့အတွက် တရားထိုင်ပေးပါ။ အချိန်အကြာကြီးထိုင်စရာမလိုပါဘူး။ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ အချိန်ပေးပြီး တရားထိုင်ကြည့်ပါ။

ကိုယ့်ကိုယ်ကိုချစ်ပါ

တခြားသူဆီက ဘာမှမမျှော်လင့်ပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ ပိုချစ်ပါ။ ကိုယ့်ကိုယ်ကိုပဲ အားပေးပါ။ ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်ရအောင်လုပ်ယူပါ။

photo source: www.freepik.com