အခုလတ်တလော လူငယ်ကောင်မလေးတွေကြားမှာ ကိုရီးယားဆန်ဆန်ဖက်ရှင်လေးတွေက ပိုပြီးရေပန်းစားလာတာကို တွေ့ရပါတယ်။ ဖက်ရှင်စတိုင်လ်အများကြီးထဲကနေ စမတ်လည်းကျ ပေါ့ပါးမှုရှိပြီး လူငယ်ဆန်တဲ့ ကုတ်အင်္ကျီဖက်ရှင်အပိုင်းလေးကို မျှဝေပေးချင်ပါတယ်။ ကုတ်အင်္ကျီကတော့ ကိုယ့်တွဲဖက်ဝတ်ဆင်လိုက်တဲ့ပေါ်မှာ မူတည်ပြီး လူငယ်နဲ့လိုက်တာ၊ လူကြီးနဲ့လိုက်တာဆိုပြီး ကွဲသွားတာပါ။

ဒါကြောင့် အခုခေတ်စားနေတဲ့ ကုတ်အင်္ကျီလေးတွေကို ဖက်ရှင်လည်းကျ အမိုက်စားလည်းဖြစ်အောင် ဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

လူငယ်ဆန်တဲ့ပုံမဝတ်ချင်ဘူး၊ စမတ်ကျကျနဲ့လှတာမျိုးလေးမှ ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဘောင်းဘီရှည်နဲ့ ဝမ်းဆက်လေးဝတ်ပါ။ ဖိနပ်ကိုတော့ ဒေါက်ဖိနပ်လေးစီးပေးမှ လိုက်မှာနော်။

လူငယ်အရမ်းဆန်တာလည်းမကြိုက်ဘူး၊ လူကြီးဆန်တာလည်းမကြိုက်ဘူး၊ သူများနဲ့မတူပဲ စတိုင်လ်ကျချင်တယ်ဆိုရင်တော့ ဘောင်းဘီရှည်နဲ့ ကုတ်ဝမ်းဆက်ကိုမှ အကွက်ဒီဇိုင်းလေးဝတ်ပါ။ ဖိနပ်ကိုတော့ Sneaker လေးစီးလိုက်ရုံပါပဲ။

ကုတ်နဲ့ ဘောင်းဘီရှည် ဝမ်းဆက်ကိုမှ လူငယ်ဆန်ပြီး ကိုရီးယားစတိုင်လေးဝတ်ချင်တယ်ဆိုရင်တော့ အကွက်ဒီဇိုင်းမရွေးပဲ ဗြောင်ကိုရွေးပါ။ ကုတ်အောက်ကနေ တီရှပ်လေးတွေခံဝတ်ပြီး ဖိနပ်ကိုတော့ Sneaker လေးစီးပါ။

တည်တည်ငြိမ်ငြိမ်လေးနဲ့ ချစ်စရာကောင်းတာမျိုးကြိုက်ရင်တော့ ရိုးရိုးအင်္ကျီကို ဘောင်းဘီတို (သို့) စကပ်တိုလေးနဲ့ တွဲဝတ်ပြီး အပေါ်ကနေ ကုတ်ဗြောင်လေးထပ်ဝတ်လိုက်ပါ။ ဖိနပ်ကတော့ Shoe လေးပဲဖြစ်ဖြစ်၊ ဒေါက်ဖိနပ်လေးပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေရာ စီးလို့ရပါတယ်။

နောက်တစ်မျိုးအနေနဲ့ ကုတ်လေးကို Body Fit Dress လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်မှာကျတော့ ဘယ်ဖိနပ်နဲ့ဖြစ်ဖြစ်လိုက်ဖက်တဲ့အတွက် ကိုယ်စီးတဲ့ဖိနပ်ပေါ်မူတည်ပြီး အမြင်ကွဲပြားသွားပါလိမ့်မ်ယ။

သူများနဲ့မတူတဲ့ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းချင်ရင်တော့ ကုတ်အင်္ကျီကို ဂျင်းဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပါ။ ဖိနပ်ကတော့ Sneaker လေးနဲ့ဆို ပိုလိုက်ဖက်ပါတယ်။

ကိုရီးယားဆန်ဆန်လေးပဲဝတ်ချင်တယ်ဆိုရင်တော့ ကုတ်နဲ့စကပ် ဝမ်းဆက်လေးတွေကို ဝယ်ဝတ်ပါ။ ဖိနပ်ကတော့ သူစီးထားသလို Shoe အနက်လေးနဲ့က ပိုမိုက်ပါတယ်။ Sneaker နဲ့လည်း အဆင်ပြေတယ်နော်။

ကုတ်အဆင်းကိုမှ ဘောင်းဘီတိုနဲ့ ဝမ်းဆက်လေးတွေလည်း အခုခေတ်စားနေတာပါပဲ။ ဒီဖက်ရှင်မျိုးဆိုရင်တော့ လူငယ်လည်း အရမ်းမဆန်သလို စတိုင်လ်လည်းကျပါတယ်။ ဖိနပ်ကတော့ တော်တော်များများနဲ့လိုက်ပါတယ်။

Instagram Fashion လို မိမိုက်နေတာမျိုးလေးဝတ်ချင်ရင်တော့ စကပ်နဲ့ကုတ် ဝမ်းဆက်လေးကိုရှာဝယ်ပါ။ အဆင်ကတော့ အကွက်လေးဆို ပိုမိုက်ပါတယ်။ အောက်ကနေ သူဝတ်ပြထားသလို ခါးလွတ်အင်္ကျီလေးတွေ Crop Top လေးတွေ ခံဝတ်ပေါ့။ ဖိနပ်ကတော့ သူစီးသလို Shoe အနက်လေးနဲ့မှ စတိုင်လ်ကျပြီး မိမိုက်နေမှာနော်။

လူငယ်ဆန်တာတွေမကြိုက်ဘူး တည်တည်ငြိမ်ငြိမ်ပဲဝတ်ချင်တယ်ဆိုရင်တော့ ကုတ်အင်္ကျီကို ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့သာ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ပါ။

Photo Source: Pinterest