ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ သင့်ကို စမတ်ကျကျနဲ့ ယုံကြည်မှုရှိစေဖို့ ပံ့ပိုးပေးတဲ့အထဲမှာ ဖက်ရှင်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဖက်ရှင်ဆိုတာ ဈေးကြီးတဲ့ အဝတ်အစားတွေ၊ အမှတ်တံဆိပ်တွေ ဝတ်ဆင်မှမဟုတ်ပါဘူး။

မိမိနဲ့လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ရွေးချယ်ပြီး ဝတ်ဆင်ပေးမယ်ဆိုရင် ဈေးကြီးကြီး ဈေးမကြီးကြီး ဖက်ရှင်ကျနေမှာဖြစ်ပါတယ်။

၁။ Playsuit ဖက်ရှင်များ

လူတိုင်းနဲ့လိုက်ဖက်ယ့် ဖက်ရှင်လို့မြင်မိပါတယ်။ သင့်ကိုလည်းချစ်စရာကောင်းစေမှာဖြစ်သလို ပိုပြီးနုပျိုစေမှာဖြစ်ပါတယ်။ ခါးစည်းပါတဲ့ Playsuit ဖက်ရှင်ကို ဝတ်ဆင်ပေးမယ်ဆိုရင် ခါးပိုသေးသလို ထင်ရစေမှာဖြစ်ပါတယ်။

၂။ ပွပွယယ ဘောင်းဘီလေးတွေဝတ်မယ်

ပွပွယယ ဘောင်းဘီဖက်ရှင်က ဝတ်လေ့ဝတ်ထမရှိသူတွေကတော့ မလှနိုင်လောက်ဘူးလို့ ထင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ရွေးချယ်ဝတ်ဆင်ပေးကြည့်မယ်ဆိုရင် သင့်ကိုလည်း ပိုပြီးပေါ့ပေါ့ပါးပါး ရှိစေမှာဖြစ်ပါတယ်နော်။

၃။ ချည်Dress လေးဝတ်မယ်

ချည်ကိုမှ ဇာပုံလေးပါတဲ့ Dress လေးကို ဝတ်ဆင်ပေးနိုင်ပါတယ်။ ဒီအတိုင်းပဲဝတ်ဝတ် အပေါ်ကနေ ရှပ်အင်္ကျ ီလက်ရှည် အပါးထပ်ပြီးဝတ်ဝတ် အဆင်ပြေစေမှာဖြစ်ပါတယ်။

၄။ ချစ်စရာကောင်းတဲ့ဒီလိုဖက်ရှင်လေးတွေ

သင့်ကိုချစ်စရာကောင်းစေမယ့် ဒီလိုဂါဝန် စကတ်လေးတွေ၊ ဘောင်းဘီလေးတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်ပေးမယ်ဆိုရင်လည်း သင့်ကိုပိုပြီး ဖက်ရှင်ကျစေမှာဖြစ်သလို ယုံကြည်မှုလည်း ပိုရှိစေမှာဖြစ်ပါတယ်။

၅။ ရေကူးပါ

ရေကူးပေးပါ။ ရေကူးပေးတာဟာ သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုပြီးလှပစေမှာဖြစ်ပါတယ်။ ရေကူးဝတ်စုံလေးတွေကိုလည်း မျှဝေပေးလိုက်တယ်နော်။

Source: www.yesstyle.com