အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဖက်ရှင်ကျကျဝတ်ဆင်တတ်တဲ့ပျိုမေလေးတွေကြားမှာ ခေတ်စားနေတဲ့ ခေါင်းလောင်းဘောင်းဘီကို အထာကျကျ ဝတ်ချင်တဲ့သူတွေအတွက် ရည်ညွှန်းမျှဝေပေးလိုက်ပါတယ်နော်။

အခုနောက်ပိုင်း ဘောင်းဘီအကြပ်လေးတွေထက် အပွလေးတွေက ခေတ်စားနေတာဆိုတော့ ခေတ်စားနေတဲ့ဘောင်းဘီတွေထဲမှာ ပွပွယယနဲ့ ဝတ်လို့လည်းကောင်း ပေါ့ပေါ့ပါးပါးလည်းရှိတဲ့ ခေါင်းလောင်းဘောင်းဘီစတိုင်လ် အပွလေးတွေလည်းပါဝင်လာပါတယ်။

ဒီလိုဘောင်းဘီလေးတွေကို ရှပ်အင်္ကျီ ဘလောက်အင်္ကျီလေးတွေနဲ့ စတိုင်လ်ကျကျ တွဲဝတ်လို့ရပါတယ်နော်။

နေ့ရက်တိုင်း ဖက်ရှင်ကျချင်တဲ့ကောင်မလေးတွေအတွက် ဒီလို ခေါင်းလောင်းဘောင်းဘီလေးတွေနဲ့ အထာကျကျဝတ်လို့ရတဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo: Pinterest