လူငယ်ကောင်မလေးတွေအကြိုက် အထာကျပြီးလှတဲ့ ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် ပို့စ်တွေမထပ်ချင်တဲ့သူတွေအတွက် ဒီပို့စ်အိုင်ဒီယာလေးတွေက အရမ်းကိုအသုံးဝင်မှာပါ။

အထာကျကျလေးနဲ့ လှနေမယ့် ပို့စ်ပါပဲ။ Lighting သေချာရွေးတတ်ရင် ပုံကောင်းထွက်လာမှာ သေချာပါတယ်။

Camera ကို အောက်ကပင့်ရိုက်ရင် ဒီလိုလေး ပို့စ်ပေးကြည့်ပါ။ အထာကျပြီး မိုက်ပါတယ်။ မျက်နှာထားကို မပြုံးပဲ တည်ထားရင်တော့ ပိုမိုက်ပါတယ်။

ဆိုင်အပြင်မှာထိုင်ရိုက်ရင် ခြေထောက်ချိတ်ထိုင်တာတွေ ရိုးလာပြီဆိုရင် ဒီလိုလေးသာထိုင်ပြီး ပို့စ်ပေးလိုက်ပါ။ မျက်နှာထားတည်နေရင် ပိုမိုက်ပါတယ်။

Girly type မကြိုက်တဲ့သူတွေ ရိုက်သင့်တဲ့ ပို့စ်မျိုးဖြစ်ပါတယ်။ မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။

လူငယ်ဆန်ပြီး ဂျစ်ကန်ကန်ပုံလေးနဲ့ အထာကျနေစေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။

ဒီလိုလေးထိုင်ရိုက်ရင် မပြုံးမရယ်ပဲ မျက်နှာထားတည်တည်လေးနေပြီး camera ကိုကြည့်ပါ။ ဒါဆိုရင် ပို့စ်အနေအထားက အထာကျနေတာမဟုတ်ပဲနဲ့တောင် ဆွဲဆောင်မှုရှိပြီးလှပါတယ်။

လှေကားမှာထိုင်ရိုက်ရင်တော့ ဒါမျိုးလေး ပို့စ်ပေးကြည့်ပါ။ မိုက်လည်းမိုက်၊ လှလည်းလှပါတယ်။

ဒီပို့စ်လေးဆိုရင် မျက်နှာထားနဲ့ အကြည့်ကလည်း မိုက်နေဖို့လိုပါတယ်။ Lighting မကောင်းရင်တောင် မိုက်နေမယ့် ပို့စ်မျိုးပါ။

Bar မှာ ဒါမျိုးလေးတွေလည်း ရိုက်ကြည့်ပါ။ မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။

ဒီပို့စ်လေးကျတော့ မိုက်တာထက် ဆွဲဆောင်မှုရှိပြီး လှတဲ့ပုံစံလေး ဖြစ်ပါတယ်။

Photo source:www.pinterest.com