Short hair နဲ့ ကောင်မလေးတွေအတွက် အထာကျပြီးလှတဲ့ hair color လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Hairstyle ပြောင်းဖို့ စဉ်းစားနေတယ်၊ color ချိန်းဖို့အတွက် စဉ်းစားနေတယ်ဆိုရင် ဒီထဲက color လေးတွေကို ရွေးချယ်ကြည့်ပါ။

ဆံပင်ကို အနက်ပဲကြိုက်တယ်၊ ဒါပေမယ့် ဆံပင်အနက်နဲ့နေရတာ ရိုးလာတယ်လို့ ခံစားရရင် နက်ပြာရောင်လေးကို highlight ဖောက်ကြည့်ပါ။ အရမ်းလှပါတယ်။ အရောင်ငြိမ်ပြီး အထာကျတဲ့ပုံစံလေး ဖြစ်ပါတယ်။

ဆံပင်အနက်မှာမှ အရောင်ထင်းနေတာမျိုးကို highlight ဖောက်ချင်တယ်ဆိုရင်တော့ ဒီ hairstyle နဲ့ color လေးကို ရွေးလုပ်ပါ။ အထာကျပြီးမိုက်ပါတယ်။

Short hair လေးတွေက များသောအားဖြင့် အထာကျတဲ့ color လေးတွေနဲ့ဆို ပိုမိုက်ပါတယ်။ တမူထူးခြားတဲ့ color ဆန်းလေးတွေကို ဆိုးဖို့စဉ်းစားထားရင်တော့ ဒီ hair color လေးကို highly recommend ပေးပါတယ်။

ဒီလိုခရမ်းဖောက်တဲ့ color လေးဆိုရင် ဆံပင်ဂုတ်ဝဲလေးညှပ်ပြီးသာ ဆိုးချပစ်ပါ။ လူငယ်ဆန်ပြီး အရမ်းလှပါတယ်။

Color တောက်တာတွေ မဆိုးချင်ဘူး၊ ဒါပေမယ့် ခေတ်ဆန်တဲ့ပုံစံလေးလည်း ဖြစ်ချင်တယ်ဆိုရင် ဒီလို baby highlight လေးဖောက်ကြည့်ပါ။ ငြိမ်ပြီး အရမ်းလှသလို ကိုယ်ဝတ်တဲ့ဖက်ရှင်ပေါ်မူတည်ပြီး အထာကျတဲ့ look မျိုးလည်း ရစေပါတယ်။

Short hair လေးတွေနဲ့ အရမ်းလိုက်တဲ့ hair color လို့တောင်ပြောလို့ရပါတယ်။ ဘယ်လိုနေနေ အထာကျပြီးလှနေမယ့် hair color လေးပါ။

Color တောက်တာမကြိုက်ပေမယ့် အထာကျတာမျိုး ကြိုက်တယ်ဆိုရင် ဒီလို blue color လေးဆိုးကြည့်ပါ။ အရမ်းမထင်းပဲမိုက်ပါတယ်။

Orange hair color ကတော့ 2022 မှာ ခေတ်စားလာတဲ့ color ပါ။ Short hair လေးတွေနဲ့လည်း အရမ်းလိုက်ပြီး မျက်နှာဖြူသွားစေတာကြောင့် color တောက်တာကြိုက်ရင် ရွေးချယ်သင့်ပါတယ်။

Color တောက်တာကြိုက်ပေမယ့် ခုနက orange color လောက်တောက်တာလည်း မဆိုးချင်ဘူးဆိုရင် ဒီလို rose color လေးကို ရွေးချယ်ပါ။ ဘိုဆန်ပြီး အရမ်းလည်းလှပါတယ်။

photo source:www.pinterest.com