ကိုယ့်ဘက်က အမှုမဲ့အမှတ်မဲ့နေလိုက်ပေမယ့် ဒီအရာကိုပဲ ယောကျာ်းလေးတွေက အလေးထားနေတာ ဖြစ်တတ်ပါတယ်။ ကိုယ်က အလေးထားတဲ့အရာကျ သူတို့ မကြည့်မိတာတွေဖြစ်တတ်ပါတယ်။ အောက်မှာပြောထားတဲ့ အရာတွေကတော့ ယောကျာ်းလေးတွေ သတိထားကြည့်တတ်ကြတဲ့ ကိစ္စအသေးအမွှားလေးတွေဖြစ်ပါတယ်။

၁။ သင့်စတိုင်

ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ ဝတ်ဆင်ပုံကို မကြည့်ကြဘူးလို့ သင်သိထားရင်တော့ ဒါက လွဲနေပါပြီ။ ယောကျာ်းလေးတစ်ယောက်က ဒီမိန်းကလေးဘယ်လိုဝတ်လဲ၊ ဘယ်လို စတိုင်မျိုးရှိလဲ၊ ဘယ်လို Vibe မျိုးလဲ ကြည့်တတ်ကြပါတယ်။

၂။ သင့်လက်သည်းနဲ့ လက်

သင်က တစ်ကိုယ်ရေသန့်ရှင်းမှု ရှိမရှိ၊ သူတို့ကို ဘယ်လောက်ဂရုစိုက်လဲ စတဲ့အရာတွေကို သိနိုင်ဖို့ သူတို့တွေက သင့်လက်သည်းနဲ့ လက်ပုံစံကို ကြည့်တတ်ကြပါတယ်။

၃။ သင့်ကိုယ်သင်ယုံကြည်မှု

ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတယောက်ကို ကြည့်တဲ့အချိန် သူ ဘယ်လောက် Confident ရှိလဲ၊ လမ်းဘယ်လိုလျှောက်လဲ၊ မျက်လုံးချင်း ကြည့်ပြောတတ်တတ်လား စသဖြင့် ကြည့်တတ်ပါတယ်။

၄။ သင့်မွှေးရနံ့

သင်နဲ့ အနီးကပ်ရှိတဲ့အချိန် သင့်ဆီက ဘယ်လိုရနံ့မျိုးရလဲ ရှာဖွေတတ်ကြပါတယ်။ အထူးသဖြင့် သင့်ဆံပင်မွှေးရနံ့ပါ။

၅။ သူနဲ့ စကားပြောတဲ့ပုံစံ

မိန်းကလေးတစ်ယောက်က သူတို့ကို သွက်သွက်လက်လက်စကားလာပြောတယ်ဆိုရင်လည်း သူတို့က ဒါကို ချစ်စရာကောင်းတယ်လို့ ယူဆတတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar