တက်တူးထိုးရတာ နှစ်သက်တဲ့သူတို့အနေနဲ့ တက်တူးအသစ်ထိုးဖို့ ကြံရွယ်နေပါသလား။ တက်တူးအသစ်ထိုးမယ် (သို့) အခုမှ တက်တူးစမ်းထိုးကြည့်မယ်ဆိုရင် တက်တူးအသေးစားဒီဇိုင်းတွေက တော်တော်လေးကို အလုပ်ဖြစ်ပါတယ်။

တက်တူးအသေးစားတွေက တစ်ခုတည်းရှိနေပါကလည်း ကြည့်ကောင်းနေပြီး အခြားတက်တူးများနဲ့ တွဲစပ်လိုက်တဲ့အခါမှာလည်း အမိုက်စားဖြစ်နေမှာပါ။

ဒီလိုတက်တူးအသေးစား ကြိုက်နှစ်သက်တဲ့သူတို့အတွက် အမိုက်စား တက်တူးဒီဇိုင်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

ရင်အုပ်ပေါ်တွင် ရေးထိုးနိုင်တဲ့တက်တူး

တက်တူးအကြီးစားရွေးမှ ရင်အုပ်ပေါ်မှာ ရေးထိုးလို့ရတာမဟုတ်ပါဘူး။ ဒီလိုမျိုးတက်တူးအသေးစားသည်လည်း ရင်အုပ်ပေါ်မှာ ရေးထိုးနိုင်ပါတယ်။ သင့်အနေနဲ့ မိမိအကြိုက်နှစ်သက်ဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးစာသားတစ်ခုခုကို ရွေးချယ်လိုက်ရုံပါပဲ။ ပြီးရင် မိမိစိတ်ကြိုက်ရေးထိုးလိုက်ပါ။

လက်ကောက်ဝတ်မှာ ရေးထိုးပါ

လက်ကောက်ဝတ်မှာ ဘယ်လိုဒီဇိုင်းလှလှလေးတွေ ရေးထိုးရမလဲ အာရုံခြောက်နေတယ်ဆိုရင် သံလိုက်အိမ်မြှောင်ပုံတက်တူးလေးသာ ရေးထိုးပေးလိုက်ပါ။ လမ်းပျောက်နေတဲ့အချိန်မှာ လမ်းမှန်ရောက်ဖို့ရန်အတွက် ခေါ်ဆောင်ပေးသွားပါလိမ့်မယ်။

လက်မောင်းတက်တူးအသေးစား

ကိုယ်ထိုးမယ့်တက်တူးရဲ့ အရွယ်အစားပေါ် မူတည်ပြီး လက်မောင်းရဲ့ ဘယ်နေရာမှာ ထိုးသင့်သလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ တကယ်လို့ တက်တူးက သေးသေးကွေးကွေးလေးဆိုရင်တော့ လက်မောင်းအိုးပေါ်မှာ ထိုးရင် အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ တက်တူးက အနည်းငယ် ရှည်တယ်ဆိုရင်တော့ လက်မောင်းအလယ်နားလောက်ကနေ တံတောင်အထိ ထိုးလို့ရပါတယ်။

အတွင်းလက်ဖျံတက်တူး

အတွင်းလက်ဖျံသည်လည်း တက်တူးအသေးစားထိုးလို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။

လက်ပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူးအသေးစား

လက်ဖမိုးပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးအသေးစားတွေကလည်း အများအပြားရှိပါတယ်။ နှင်းဆီပန်းပုံတက်တူးအသေးစား၊ မြှားပုံတက်တူးအသေးစား၊ အသည်းပုံတက်တူးအသေးစား စသည်ဖြင့် ဒီဇိုင်းအများအပြားရှိတာကြောင့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

နံရိုးပေါ်တွင် ရေးထိုးပါ

အချို့ကတော့ နံရိုးပေါ်မှာ တက်တူးရေးထိုးခြင်းကို ရှောင်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နံရိုးသည် ကြွက်သားနည်းတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် တက်တူးထိုးတဲ့အခါ နာကျင်မှုကို အများဆုံးခံရတဲ့နေရာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့တက်တူးဒီဇိုင်းသည် အလှပဆုံးပါပဲ။

ခြေသလုံးတက်တူးအသေးစား

ဘောင်းဘီတိုဝတ်တတ်တဲ့သူဆိုရင်တော့ ခြေသလုံးမှာရေးထိုးထားတဲ့ တက်တူးအသေးစားတွေက ပေါ်လွင်နေမှာဖြစ်ပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းတွေ ရွေးစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ အမြင်ရှင်းတဲ့ တက်တူးဒီဇိုင်းတွေသည်လည်း တက်တူးအနုပညာကို လှပတင့်တယ်သွားစေမှာဖြစ်ပါတယ်။