မင်္ဂလာပါ….. ပျိုမဒီတို့ရေ…. ခန္ဓာကိုယ်အလှဆင်တဲ့ Act ဖြစ်တဲ့ Tattoo လေးတွေ ခေတ်စားလာတဲ့အချိန် Tattoo လေးထိုးဖို့စဥ်းစားနေပြီလား? Tattoo အကြီးကြီးတွေ ထိုးရမှာ မကြိုက်တဲ့ ပျိုမဒီတို့အတွက် နောင်တမရစေဘဲ အဓိပ္ပါယ်ရှိပြီး သေးသေးလေးပေမယ့် အဓိပ္ပာယ်အများကြီးပါဝင်တဲ့ Mini Tattoo ဒီဇိုင်းလေးတွေ ဖော်ပြ ပေးလိုက်ပါတယ်နော်။

ချစ်ရသူရဲ့လက်ရေး

သင်ချစ်ရသူတစ်ဦးတစ်ယောက်ရဲ့ အထိမ်းအမှတ်အနေနဲ့ မိဘ၊ လုပ်ဖော်ကိုင်ဖက်၊ အကောင်းဆုံးသူငယ်ချင်း သို့မဟုတ် ချစ်ရသူတို့က ရေးပေးတဲ့လက်ရေးလေးတွေက လှပပြီး အဓိပ္ပါယ်ရှိတဲ့ Tattoo လေးတစ်ခုဖြစ်လာမှာပါ။

ပန်းလေးတွေ

ကိုယ်စီအဓိပ္ပာယ်ရှိကြတဲ့ ပန်းလေးတွေကိုလည်း ချစ်စရာ Tattoo တစ်ခုအနေနဲ့ ထိုးလို့ရပါသေးတယ်။

ကြယ်စု

မွေးတဲ့နေ့ ရာသီခွင်တို့ရဲ့ နက္ခတ်တာရာပုံစံတို့သာ အမှတ်တရထိုးလိုက်ပါ။ ရိုးရှင်းပြီး သင်ဘယ်တော့မှ နောင်တရစရာ မရှိပါဘူး။

Coordinates

ကမ္ဘာပေါ်ရှိ သင်အကြိုက်ဆုံးနေရာများရဲ့ သြဒိနိတ်များကို ပေါင်းထည့်တဲ့ Tattoo ဒီဇိုင်းလေးတွေက သင့်ခရီးကို အမြဲသတိရနေဖို့အတွက် ထိရောက်တဲ့ သတိပေးချက်တစ်ခုပါဘဲ။

အရေးကြီးတဲ့နေ့စွဲများ

သင့်ဘဝ အရေးကြီးသောအချိန်တွေဖြစ်တဲ့ မွေးနေ့၊ အရေးပါတဲ့လူရဲ့မွေးနေ့၊ မင်္ဂလာဆောင်ရက်စွဲနဲ့ အခြားအရေးကြီးသောရက်စွဲများတွေက အဓိပ္ပာယ်ပြည့်ဝတဲ့ Tattoo တစ်ခုအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။

Friendship Goals

အခင်ဆုံးသူငယ်ချင်းတွေနဲ့ နှောင်ကြိုးဆိုတာ တခြားနဲ့မတူတဲ့ နှောင်ကြိုးတစ်ခုပါပဲ။ ဒါကြောင့် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ဆင်တူ ဒါမှမဟုတ် သူတို့ရဲ့သင်္ကေတကိုလည်း Tattoo ထိုးလို့ရပါသေးတယ်။