တက်တူးသေးသေးလေးတွေက ခန္ဓာကိုယ်မှာ ကြည့်လိုက်တာနဲ့ ထင်ရှားလွန်းတာမျိုး မဟုတ်ပေမယ့် တစ်ခုစီတိုင်းမှာ အဓိပ္ပာယ်အပြည့် ပိုင်ဆိုင်ထားတတ်ကြပါတယ်။ တက်တူးသေးသေးလေးတွေက သင့်အကြောင်းကို ဖော်ပြနေတဲ့ အနုပညာသေးသေးလေးတွေလို့လည်း ပြောလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူး စ ထိုးမယ့် မိန်းကလေးတွေကော၊ ထိုးဖူးတဲ့သူတွေပါ ထပ်ထိုးလို့ရမယ့် ဘယ်တော့မှ နောင်တရမှာ မဟုတ်တဲ့ တက်တူးအိုင်ဒီယာတွေကို ဖော်ပြပါရစေ။

သတ္တဝါပုံစံ

သင်ချစ်ရတဲ့ တိလေးရဲ့ပုံ ဖြစ်နိုင်သလို သင့်အကြောင်းပြောပြနေတဲ့ Spirit Animal ပုံစံကို ထိုးနိုင်ပါတယ်။ အကောင်သေးသေးလေးနဲ့ သိမ်သိမ်မွေ့မွေ့ လှတဲ့ လိပ်ပြာကနေ သတ္တိရှိတဲ့ ခြင်္သေ့ပုံစံအထိ ထိုးနိုင်ပါတယ်။

ချစ်သူရဲ့ လက်ရေး

ကိုယ်ချစ်တဲ့ သူရဲ့ လက်ရေးကို တက်တူးအနေနဲ့ ထိုးနိုင်ပါသေးတယ်။

ပန်းပွင့်သေးသေးလေးတွေ

ပန်းပွင့်တိုင်းမှာ အဓိပ္ပာယ် အမျိုးမျိုးရှိတာမို့ သင့်အကြောင်း ကိုယ်စားပြုတဲ့ ပန်းပွင့်ကို တက်တူးထိုးနိုင်ပါတယ်။

Sign

သင့်ရဲ့ Zodia Sign ကို စိတ်ကူးကောင်းရင် ကောင်းသလို တက်တူး လှလှလေး ပိုင်ဆိုင်နိုင်ပါတယ်။

အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ

သင့်ဘဝမှာ အရေးပါတဲ့ စကားလုံးတွေကို တက်တူးအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။

အရေးပါတဲ့ ဒိတ်

သင့်ဘဝအတွက် အရေးပါတဲ့ ရက်တွေကို တခြား ပန်းပွင့်၊ ကြယ်ပုံစံတွေနဲ့ ပေါင်းစပ်ပြီး ထိုးနိုင်ပါတယ်။

ပလာစတာ

သင့်ဘဝမှာ အခက်အခဲတွေ များစွာ ကြုံခဲ့ဖူးတာကို ကိုယ်စားပြုတဲ့အနေနဲ့ ပလာစတာပုံစံ တက်တူး ထိုးနိုင်ပါတယ်။

Made By

သင့်ကို ဒီလူ့လောကထဲ ခေါ်ဆောင်ခဲ့တဲ့ သင့်မိဘတွေကို ကိုယ်စားပြုတဲ့ Tattoo ကို ထိုးနိုင်ပါတယ်။ သင့်မိဘတွေ နာမည်အတိုကောက်ကိုပါ ရေးနိုင်ပါတယ်။

သူငယ်ချင်း ဒါမှမဟုတ် မိသားစုရဲ့ နာမည်အစ

သင့်ဘဝမှာ အရေးပါတဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုရဲ့ နာမည်အစကို တန်ဖိုးထားတဲ့အနေနဲ့ တက်တူးထိုးနိုင်ပါတယ်။

လပုံစံ

Manifest ကို ယုံကြည်တဲ့ သူတွေအနေနဲ့ လ ပုံ၊ Universe ပုံစံ စတာတွေကို ထိုးသင့်ပါတယ်။

ငှက်ပုံစံ

သင်က လွတ်လပ်မှု၊ အမှီအခိုကင်းမှုကို ကိုယ်စားပြုချင်ရင် ငှက်ပုံထိုးသင့်ပါတယ်။

Photo Source: Preview, Pinterest

By MyStyle Myanmar