အသားအရေကိုနုပျိုစေဖို့နဲ့ ဖန်လိုကြည်လင်ပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့က ဈေးကြီးပေးရတဲ့ Skincare တွေ ၊ အလှအပဆေးခန်းတွေသွားနိုင်မှ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးတာ ၊ ရေများများသောက်ပေးတာ ၊ အသားအရေကို Moisturizing လုပ်ပေးတာတွေကလည်း ကြည်လင်တဲ့အသားအရေကို ရစေပါတယ်။
အခုပြောပြမယ့် အလေ့အကျင့်တွေကိုသာ ပုံမှန်လုပ်ပေးရင် ကြည်လင်တဲ့အသားအရေရစေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။
1. အိပ်ရာစောစောထပြီး စောစောအိပ်ပါ
ညဘက်အိ်ပ်ရေးဝဝအိပ်တာက ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး စိတ်ကို ကြည်လင်စေတာကြောင့် တစ်နေ့တာရဲ့စိန်ခေါ်မှုတွေကို အားသွန်ခွန်စိုက်ရင်ဆိုင်ဖို့ ကူညီပေးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အားကောင်းစေပြီး စိတ်ကြည်လင်မှုကို မြှင့်တင်ပေးတဲ့အပြင် ကြည်လင်တဲ့အသားအရေရရှိဖို့ အထောက်အကူဖြစ်စေပါတယ်။
2. မနက်နိုးချိန် ရေနွေးပူပူကို သောက်ပါ
အိပ်ရာကနိုးပြီး ဘာမှမစားရသေးခင် ရေနွေးပူပူသောက်ပေးတာက ခန္ဓာကိုယ်ထဲ တစ်ညလုံး စုပုံထားတဲ့ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးရုံသာမက အစာချေဖျက်တာကိုလည်း အထောက်အကူဖြစ်စေပါတယ်။
3. နေ့တိုင်း ရေများများသောက်ပါ
လူတော်တော်များများက နေ့စဉ်ကိစ္စတွေနဲ့အလုပ်ရှုပ်ရင်း ရေသောက်ဖို့ကို မေ့နေတတ်ကြပါတယ်။ ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာကြောင့် ရေဓာတ်လုံလောက်စွာရဖို့ ရေများများသောက်ပါ။
4. ပေါ့ပေါ့ပါးပါးစားပါ
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ မုန်လာဥနီနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို များများစားတာက သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များကိုလည်း ဖြည့်စွမ်းပေးတာကြောင့် နေ့လည်စာနဲ့ညစာစားတဲ့အခါ အစိမ်းရောင်ဟင်းသီးဟင်းရွက်များပါအောင် စားပေးပါ။ ရာသီအလိုက် အသီးအနှံများလည်း စားပေးပါ။
5. တတ်နိုင်ရင် ပန်းသီးတစ်လုံးကို နေ့တိုင်းစားပေးပါ
ပန်းသီးမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အစုံအလင်ပါတာကြောင့် တစ်ကိုက်ကိုက်လိုက်တိုင်း သင့်ခန္ဓာကိုယ်အတွင်းပိုင်းအထိ အာဟာရဖြည့်ပေးနိုင်ပါတယ်။