တက်တူးချစ်သူ အများစုက တက်တူးရေးထိုးဖို့ရွေးချယ်တဲ့အခါ နဂါးပုံတက်တူး ကို အများဆုံးရွေးချယ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နဂါးပုံတက်တူးတွေက အားမာန်အပြည့်နဲ့ ရဲစွမ်းသတ္တိရှိမှုကို ဖော်ပြနေပုံပေါ်လို့ပါပဲ။

ဒါ့အပြင် နဂါးပုံတက်တူးတွေက သူ့ရဲ့ရိုးရာပေါ်လိုက်၍လည်း အဓိပ္ပာယ်အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဥပမာအားဖြင့် တရုတ်နဂါးတွေဆိုလျှင် ဉာဏ်အမြော်အမြင် ကြီးမားခြင်း၊ စွမ်းအားကြီးခြင်းကိုလည်း ဖော်ပြနိုင်သလို တခါတရံမှာတော့ လောဘကြီးခြင်းကိုလည်း ဖော်ပြနေပါသေးတယ်။

သင့်အနေနဲ့ ကိုယ့်ရဲ့အကြိုက်ပေါ် လိုက်၍ တက်တူးအကြီး၊ တက်တူးအသေး၊ အဖြူအမဲ တက်တူး၊ အရောင်အသွေးစုံလင်တဲ့ ရောင်စုံတက်တူး စသည်ဖြင့် မျိုးစုံ ရေးထိုးနိုင်သလို ကိုယ့်ရဲ့နဂါးပုံတက်တူးကို အရိုးခေါင်းပုံတက်တူး၊ ကျားပုံတက်တူး၊ မြွေပုံတက်တူးစသည်ဖြင့် ဒီဇိုင်းအမျိုးမျိုး ပေါင်းစပ်ကာ ရေးထိုးနိုင်ပါသေးတယ်။

သင့်ရဲ့တက်တူးရွေးချယ်ပုံကို တစ်ဖက်တစ်လှမ်းက အထောက်အကူပြုဖို့ရန်အတွက် အခုတစ်ခါမှာတော့ အမျိုးသမီးတွေနဲ့ ပိုပြီးလိုက်ဖက်မယ်လို့ထင်တဲ့ အတောင်ပံပါ နဂါးပုံတက်တူးအသေးလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Image Source: Pinterest