ရင်ဘတ်နေရာကြီးမှ ဆွဲဆောင်မှုရှိအောင် ဝတ်နိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ် ပုံစံကို လက်ခံကာ ယုံကြည်မှု ရှိဖို့ပဲ လိုအပ်ပါတယ်။

ရင်ဘတ် သူ့နေရာနဲ့သူ ရှိတဲ့သူတွေမှာတောင် နဂိုထက် ပိုသေးချင်သူတွေ ရှိပါသေးတယ်​။ ရင်ဘတ်ချပ်ရပ်ခြင်းမှာ ကောင်းကျိုးများစွာ ရှိပါတယ်။ တချို့လူတွေ သင့်ကို ကဲ့ရဲ့ခဲ့ရင်တောင် သူတို့စကားတွေကို ခေါင်းထဲ ထည့်စရာမလိုပါဘူး။

နိုင်ငံခြားက မော်ဒယ်တွေဆိုရင် ရင်ဘတ်ချပ်ချပ်ရပ်ရပ်နဲ့ အထာကျကျ ဝတ်နိုင်သူတွေ အများကြီးပါပဲ။ ယုံကြည်မှုရှိရှိ ဝတ်တတ်ဖို့ပဲ လိုအပ်ပါတယ်။ ဒီတော့ ရင်ဘတ်သေးပေမယ့် ဆွဲဆောင်မှု ရှိရှိ ဝတ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

အရောင်ရွေးချယ်တဲ့အခါ အရောင်လွင်လွင်လေးတွေကို ရွေးသင့်ပါတယ်။ အင်္ကျီလည်ပင်းကို V Shape ကျယ်တာလေးတွေက ရင်ဘတ်သေးတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဂါဝန်ဝတ်မယ်ဆိုရင် အောက်ဘက် အတွန့်အတက်ပါတာက မိန်းကလေးဆန်ကာ ဆွဲဆောင်မှု ရှိစေပါတယ်။

ရင်ဘတ်နေရာကို အာရုံစိုက်မိတာမျိုး မဖြစ်အောင် ပေါင်တံသွယ်သွယ်လေးတွေကို ထုတ်ဖော်တဲ့ သဘော ဝတ်နိုင်ပါတယ်။ ကြိုးတစ်ချောင်းလေးတွေ ဝတ်မယ်ဆိုရင် ဖော့အခံပါတာမျိုးကို ရွေးချယ်သင့်ပါတယ်။

ရင်ဘတ်နေရာ အစည်းလေးတွေက ချစ်စရာကောင်းစေပြီး ပိုဆွဲဆောင်မှု ရှိစေပါတယ်။

အင်္ကျီကိုတစ်ထပ်တည်း မဝတ်ဘဲ အလွှာအနေနဲ့ အပေါ်ထပ် ဝတ်တာ၊ ဆံပင်အရှည်နဲ့ ရင်ဘတ်နေရာကို သိုဝှက်ထားတာမျိုးက စိတ်ဝင်စားဖို့ကောင်းတဲ့ ဖက်ရှင်ပုံစံကို ရစေပါတယ်။

Off Shoulder fashion ကိုမှ ကြိုးတစ်ချောင်း Blouse တွေက လည်း ရင်ဘတ်သေးတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ရှပ်အင်္ကျီကိုမှ လည်ပင်းနေရာ အပွင့် ဝတ်သင့်ပါတယ်။ ဆံပင်ကို တစ်ဘက်တည်း ချထားလိုက်တာက ပိုဆွဲဆောင်မှု ရှိသွားစေပါတယ်။

Off Shouder ကိုမှ ဆွဲဆောင်မှုရှိရှိ ဝတ်ချင်ရင် ဒီပုံစံလေးက ကြည့်မဝလေးပါ။

ရင်ဘတ်နေရာမှာ အတွန့်အတက်လေးတွေပါတာက ရင်အုံနေရာကို ပိုကြီးတယ်ထင်ရစေပါတယ်။

Oversized T Shirt တွေက ပိန်ပြီး ရင်ဘတ်နေရာ ချပ်ရပ်တဲ့ မိန်းကလေးတွေအတွက် အဖော်မွန်ပါပဲ။

ဘယ်ဖက်ရှင်ပုံစံပဲ ဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲ လိုအပ်ပါတယ်။ သင်က သင့်ကိုယ်သင်ချစ်ပြီး ယုံကြည်မှုရှိမယ် ဆိုရင် ဘာဝတ်ဝတ် ဆွဲဆောင်မှု ရှိနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar