မင်္ဂလာပါ… ပျိုမဒီတို့ရေ… အများစုက Beauty Routine လို့ပြောလိုက်ရင် Skin Care သုံးတာကိုပဲ သတိထားမိတတ်ကြပါတယ်။ တကယ်တော့ Beauty Routine မှာ ဒီအချက်လေးတွေကို အမှုမဲ့အမှတ်မဲ့နဲ့ သတိမထားဘဲ ကျော်နေတတ်ကြပါတယ်။ ဒီအဆင့်တွေက သေးသေးလေးဆိုပေမယ့် တကယ်တော့အရေးကြီးပါတယ်။ ဒါကတော့ လုံးဝမကျော်သင့်တဲ့ Beauty Routine ထဲက အဆင့်တွေပါ။

မိတ်ကပ်ဘရပ်ရှ်တွေကို သန့်ရှင်းပေးပါ

နေ့တိုင်းအသုံးပြုနေတဲ့ မိတ်ကပ်ဘရပ်ရှ်တွေကို တစ်ပတ်တစ်ကြိမ် လျှော်ဖို့ အချိန်ပေးပါ။ ဒါကိုကျော်သွားရင်တော့ သင့်အရေပြားမှာ ဘက်တီးရီးယားတွေ ကူးစက်ခံရနိုင်ပြီး ဝက်ခြံ ၊ အဆီဖုနဲ့ ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Exfoliate လုပ်ပါ

Exfoliation လုပ်ပေးအခါ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချောမွေ့တဲ့ အသားအရေကို ပေါ်လွင်စေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ ပိုကောင်းပြီး Skin Care တွေက အရေပြားထဲကို စိမ့်ဝင်မှု ပိုမြန်ပါတယ်။ ဒီအလေ့အကျင့်ကို ပုံမှန်ပြုလုပ်ပေးရင် ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေမှာပါ။

Clarifying Shampoo သုံးပါ

ခေါင်းလျှော်တဲ့အခါ ရိုးရိုး Shampoo တွေအစား အဆီများကင်းဝေစေဖို့ Clarifying Shampoo ကို သုံးပေးပါ။

အိပ်ရာခင်းလဲပါ

ခေါင်းအုန်းစွပ်နဲ့ အိပ်ရာခင်းတွေကို မလဲဘဲသုံးတာက မိတ်ကပ်ဘရပ်ရှ်တွေကို မလျှော်ဘဲသုံးတာနဲ့ အတူတူပါပဲ။

အိပ်ပါ

လုံလောက်တဲ့အိပ်ချိန်နဲ့ အိပ်တာက စိတ်ခံစားချက်များကို လျော့နည်းလာစေပြီး သင့်ရဲ့ ခုခံအားစနစ်ကို ကောင်းလာစေမှာပါ။ အိပ်နေစဉ် ခန္ဓာကိုယ်က ကော်လဂျင်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ကောင်းကောင်းအနားယူတဲ့အခါ သင့်မျက်လုံးတွေက ပိုတောက်ပလာပြီး တောက်ပတဲ့ အသားအရေကို ရရှိစေမှာပါ။