မိန်းကလေးတိုင်းအတွက် ဝတ်လိုက်ရင်အရမ်းလှတဲ့ Slit Skirt ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ Slit Skirt လေးတွေက ဒူးဖုံးလည်းဖြစ်တာကြောင့် အတိုမဝတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက်ကနေ အသက် ၃၀ ကျော်တွေအထိ လိုက်ဖက်တဲ့ Skirt ဖြစ်ပါတယ်။

Slit Skirt တွေကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင် ရိုးရိုးတီရှပ်အကျပ် အဖြူရောင်လေးနဲ့သာ တွဲဝတ်လိုက်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

အမဲကြိုက်တဲ့သူဆိုလည်း Slit Skirt ကို တီရှပ်အမဲလေးနဲ့ တွဲဝတ်လိုက်ပါ။ ဖိနပ်ကတော့ Boots လေးစီးလိုက်ရင် ပိုလှမှာပါ။

Slit Skirt ကို ဒီလိုကိုယ်ကျပ်လက်ပြတ် Top လေးနဲ့တွဲဝတ်ရင်လည်း အရမ်းလှပါတယ်။ ခန္ဓာကိုယ်အလှ ပိုပေါ်လွင်စေပါတယ်။

Slit Skirt အညိုရောင်လေးဆိုရင် ထွေထွေထူးထူးစဉ်းစားမနေပါနဲ့။ ကိုယ်ကျပ် Top ကို Nude Color လေးနဲ့သာ တွဲဝတ်ပါ။ ဘိုဆန်ပြီး အရမ်းလှပါတယ်။

ခရီးသွားတဲ့အခါမျိုးမှာဆိုရင် Slit Skirt လေးတွေကို ကိုယ်ကျပ်လက်ရှည်လေးတွေနဲ့ တွဲဝတ်ပြီး Boots အမဲလေးစီးပါ။ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။

အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ ဒီလိုပိုးသား Slit Skirt လေးတွေဆိုရင် ကြိုးတစ်လုံး Top လေးတွေနဲ့သာ တွဲဝတ်ပါ။ အရမ်းလှပါတယ်။

ပိုးသားဗြောင်မဟုတ်တဲ့ ဒီလို Slit Skirt လေးကိုဆိုရင်တော့ ကိုယ်ကျပ်လက်ပြတ် Top လေးတွေနဲ့ တွဲဝတ်ရင် အရမ်းလှပါတယ်။

Slit Skirt တွေကို မိန်းကလေးဆန်တဲ့ လက်ဖောင်း Top အကျပ်လေးတွေနဲ့ တွဲဝတ်ရင်လည်း အရမ်းလိုက်ပါတယ်။ မိန်းကလေးအရမ်းဆန်ပြီး လှနေမှာပါ။

ဒီလို Slit Skirt တွေကို ကြိုးတစ်လုံးနဲ့တွဲဝတ်ရင်လည်း အရမ်းလှပါတယ်။ ဒေါက်ဖိနပ်လေးစီးတာနဲ့ ပိုလိုက်ပါတယ်။

Slit Skirt တွေကို Oversized Tee တွေနဲ့ တွဲဝတ်ရင်လည်း အရမ်းမိုက်ပါတယ်။ ခရီးသွားတဲ့အခါမှာဆို အပေါ်ကနေ Leather Jacket တွေ ထပ်ဝတ်လို့လည်း ရပါသေးတယ်။ ဒီလိုမျိုးဝတ်မယ်ဆိုရင်တော့ ဖိနပ်ကို Boots အမဲပဲစီးတာက ပိုကောင်းပါတယ်။

ခြေမျက်စိအထက်လောက်ရှိတဲ့ Slit Skirt တွေဆိုရင်လည်း ဒီလို Top လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒေါက်ဖိနပ်လေးစီးလိုက်ရင်တော့ ပိုလှသွားမှာပါ။

photo source:www.pinterest.com