သင်က ဗိုက်ချပ်ချင်ပေမယ့် အားကစား ပြင်းပြင်းထန်ထန်တွေ မလုပ်ချင်ဘူးဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေက သင့်အတွက်ပါပဲ။ အစားအသောက်ပုံစံကို ဂရုတစိုက်စားပြီး လှုပ်လှုပ်ရှားရှား နေပေးကာ အောက်ဖော်ပြပါ လေ့ကျင့်ခန်းတွေကို လုပ်ပေးရင်တော့ သင့်ဗိုက်အဆီကျလာမှာ မလွဲမသွေပါပဲ။ ဒီတော့ အိပ်ယာပေါ်မှာပဲ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ ဗိုက်ချပ်လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Bicycle crunches

  • ခြေထောက်နှစ်ဖက်ကို အပေါ်ဘက်ဆီ ကွေးပေးရပါမယ်။
  • ပြီးနောက် ပခုံးကို မကာ လက်နှစ်ဖက်ကို ခေါင်းဘေးမှာ ထားပြီး အသင့်ပြင်ပေးရပါမယ်။
  • ပြီးရင်တော့ ညာတံတောင်နဲ့ ဘယ်ဘက် ဒူးကို ထိအောင် လုပ်ပေးရပါမယ်။
  • ပြီးတာနဲ့ ပခုံးကို မချဘဲ မြှင့်ပေးထားရပါမယ်။ ညာပြီးတာနဲ့ ဘယ်တံတောင်နဲ့ ညာဒူးကို ပထမလုပ်သလိုပဲ လုပ်ပေးရပါမယ်။ ဒါကို စက္ကန့် ၃၀ လုပ်ပေးရပါမယ်။

Photo Source: Tenor

၂။ Leg Raise

  • ခြေထောက်ကို ဆန့်ကာ အပေါ်မြှောက်ပေးရပါမယ်။
  • ၉၀ ဒီဂရီကျော်ပြီး ဝမ်းဗိုက်ကြွက်သားထိတာနဲ့ အောက်ပြန်ချပေးရပါမယ်။
  • အောက်ချတဲ့အခါ ခြေဖနောင့်နဲ့ အိပ်ယာမထိရပါဘူး။ စက္ကန့် ၃၀ လုပ်ပေးရပါမယ်။

Photo Source: Pinterest

၃။ Regular Crunches

  • လက်နှစ်ဖက်ကို ခေါင်းတစ်ဘက် တစ်ချက်ဆီမှာ ထားကာ ခန္ဓာကိုယ်ကို အပေါ်ပင့်ပြီး အိပ်ထမတင် လုပ်ပေးရပါမယ်။
  • အပေါ်ဝမ်းဗိုက်ကြွက်သားအတွက် အိပ်ထမတင် လေ့ကျင့်ခန်းက ထိရောက်ပါတယ်။ ၁ မိနစ် လုပ်ပေးရပါမယ်။

Photo Source: Verywell Fit

၄။ Heel Touches

  • ပခုံးကို ပင့်ကာ လက်နှစ်ဖက် ကို တစ်ဘက်ဆီ ဆန့်ပေးကာ ဘယ်ညာ ခြေထောက်နဲ့ ထိပေးရပါမယ်။
  • ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ လုပ်ပေးရပါမယ်။

Photo Source: Pinterest