လက်ပြတ်အင်္ကျီ၊ ကြိုးတစ်လုံး အင်္ကျီတွေက နွေရာသီနဲ့ လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်ကာ အင်္ကျီတိုင်းနဲ့ တွဲဖက်နိုင်တဲ့ အဝတ်အစားတွေ ဖြစ်ပါတယ်။ အပေါ်ထပ်နဲ့ တွဲနိုင်သလို သူ့ချည်းပဲ ဘောင်းဘီရှည်၊ အတို၊ စကပ်တွေနဲ့ စတိုင်ကျကျ ဝတ်နိုင်ပါတယ်။ လက်ပြတ်အင်္ကျီတွေထဲကမှ အပွလေးတွေက ဗိုက်အဆီကို မမြင်ရစေဘဲ ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်။

သင်က ခဏခဏ ဗိုက်ပူတတ်သူဆိုရင် ပေါ့ပေါ့ပါးပါး ဖက်ရှင် အဝတ်အစားတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒီအဝတ်အစားတွေက သင့်ကို ပိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ခပ်ပွပွလေးနဲ့ စတိုင်ကျစေမယ့် အင်္ကျီလက်ပြတ် ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်-

လက်ပြတ်အင်္ကျီအပွကို ဂျင်းစကပ်ရှည်လေးနဲ့ တွဲနိုင်ပါတယ်။ အပေါ်အပွဖြစ်တာကြောင့် အောက်ဗိုက်လေး ဖောင်းနေရင်တောင် မသိသာတော့ပါဘူး။

အစိမ်းရောင် လက်ပြတ်အင်္ကျီနဲ့ လိုက်ဖက်တဲ့ အရောင်ကတော့- အညိုနဲ့ အရောင်ဖျော့ဖျော့လေးတွေပါ။

အင်္ကျီလက်ပြတ်ကိုမှ ဂျင်းဘောင်းဘီအပွနဲ့ တွဲနိုင်ပါတယ်။ Crop မဝတ်ချင်တဲ့ ကောင်မလေးတွေနဲ့ပါ လိုက်ဖက်တဲ့ စတိုင်ဖြစ်ပါတယ်။

အပေါ်အင်္ကျီလက်ပြတ်နဲ့ အရောင်ဆင်တဲ့ ဖိနပ်ကို တွဲလိုက်တဲ့အခါ အရိုးဆုံးနဲ့ အလှဆုံး ဖြစ်သွားပါလိမ့်မယ်။

မော်ဒယ်တွေ ဝတ်သလို ပေါ့ပေါ့ပါးပါးလေး ဝတ်မယ်။

အင်္ကျီလက်ပြတ် ခါးရှည်ကို ဘောင်းဘီထဲ ပွပွလေး ထည့်ဝတ်လိုက်ရင် ဗိုက်အဆီကို သိပ်မသိသာစေတော့ပါဘူး။

ခရီးသွားရင် သင့်တော်မယ့် အင်္ကျီလက်ပြတ်စတိုင် ဖြစ်ပါတယ်။

အဖြူအမည်းနှစ်သက်တဲ့ ကောင်မလေးတွေ ဝတ်နိုင်မယ့် အင်္ကျီလက်ပြတ် စတိုင်

အိမ်နေရင်းပါ ဝတ်နိုင်မယ့် ဘောင်းဘီတိုနဲ့ အင်္ကျီလက်ပြတ်ဖက်ရှင် ဖြစ်ပါတယ်။

အဖြူနဲ့အပြာက ပူအိုက်တဲ့ ရာသီနဲ့ လိုက်ဖက်ပြီး သင့်ကို လူငယ်ဆန်ဆန် လန်းနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar